ဖန်​ချန်းရီ-5

11.8K 1.1K 5
                                    

Flameတစ်​​ယောက်​ ​ဆေး​ကုလိုက်​​သောက်​လိုက်​နဲ့ တစ်​​ယောက်​ထဲအဆင်​​ပြေ​နေသည်​။

"ဟင်း...ဟင်း....ငါ​လေးကိုအထင်​​သေးတာ ဘယ်​နှယ့်​ရှိစ...."

တစ်​ပတ်​အတွင်း အိမ်​ထဲက အိမ်​အပြင်​မထွက်​ပဲကုသ​နေသည်​မှာ သူလမ်းကိုပုံမှန်​အတိုင်းပြန်​​လျောက်​လို့ရ​နေပြီ။

အရမ်းမ​ပြေးနိုင်​​သေးတာတစ်​ခုပဲ...။

တစ်​ဘဝလုံး ဘယ်​​တော့မှ ပြန်​လမ်း​လျောက်​နိုင်​မည်​မဟုတ်​ဟု ဆရာဝန်​များက​ပြောထား​သော်​လဲ တစ်​ပတ်​အတွင်း လမ်း​လျောက်​​လေ့ကျင့်​​နေ​သော ဖန်​ချန်းရီ...​ကြောင့်​..ဂို​ဟေ​ဆောင်းတစ်​​ယောက်​လဲ အံ့အားသင့်​​နေခဲ့သည်​။

သို့​သော်​လဲ....သူ့အတွက်​ ဝမ်းသာ​ပျော်​ရွှင်​​နေသည်​ကပိုသည်​။

ဖန်ချန်းရီ ကိုကြည့်​ရသည်​မှာလဲ အတိတ်​​မေ့​နေသည်​မှာမဖြစ်​နိုင်​....။

ဒီရက်​ပိုင်းထဲ ဖန်​ချန်းရီ သူ့ကိုဆက်​ဆံတာက ဟိုအရင်​ကအတိုင်း......။ တစ်​ချို့အ​ကြောင်းအရာ​တွေဆိုရင်​ မှတ်​မိ​နေ​သေးတတ်​သည်​။

ဖန်ချန်းရီ တွင်​သူမသိ​သေးတဲ့အ​ကြောင်းကိစ္စရှိရအုံးမယ်​။

တမင်​အတိတ်​​မေ့ချင်​​ယောင်​​ဆောင်​​နေသလား​တောင်​ထင်​​နေမိသည်​။

အခုလဲ ဒန်း​လေး​ပေါ်တွင်​ထိုင်​​နေသည့်​ချန်းရီကို ​နေ​ရောင်​ခြည်​​လေးများဖျာကျ​နေသည်​မှာ..... နတ်​သား​လေးတစ်​ပါးအလား...။

"ချန်းရီ ဒီ​နေ့ ငါကုမ္ပဏီကိုစာချုပ်​ကိစ္စတစ်​ခုနဲ့သွားကမယ်​ မင်းလိုက်​အုံးမလား"

ကမ္ဘာတစ်​ဝှမ်း​ကျော်​ကြား​အောင်​မြင်​​နေတဲ့ JYJ ကုမ္ပဏီကြီးမှ သူတို့လို ​သေးနုပ်​တဲ့ ကုမ္ပဏီ​လေးသို့ရင်းနှီးမြုပ်​နှံချင်​သည်​ဟုဆိုကာ ကမ်းလှမ်းလာခဲ့သည်​။

"ငါလဲလိုက်​မယ်​....ပြီး​တော့ငါမင်းကိုအကူအညီ​တောင်းချင်​တယ်​"

"အင်း..ဘာများလဲ"

"ငါမင်းကုမ္ပဏီမှာအလုပ်​ဝင်​ချင်​တယ်​.."

System013(Complete) Where stories live. Discover now