အခန်း (၆)

430 48 16
                                    

June, 2016

ငါ့ရဲ့ပထမဆုံး posting ကခရားအတွင်းတဲ့။ ငါတို့ဆယ်တန်းအောင်ခဲ့တဲ့ကျောင်း။ပညာတံခွန်နဲ့တွဲဖွင့်
ထားတဲ့ကျောင်းပေါ့။ အံ့ဩစရာတော့မရှိပါဘူး။ငါနောက်ဆုံးနှစ်စာမေးပွဲဖြေပြီးလို့ စာမေးပွဲအောင်စာရင်းမထွက်ခင်ကတည်းက ကျောင်းအုပ်ဆရာမကြီးက ငါခရားအတွင်းမှာတာဝန်ကျဖို့ ကြိုးစားခဲ့တာကိုး။သူတို့အခေါ် "ရအောင်လိုက်တယ်"ဆိုတာလေ။ ငါ့အတွက်တော့ဘာမှကိစ္စမရှိပါဘူး။ ဝါသနာပါလှတယ်မဟုတ်ပေမယ့် စာသင်တာကကျွန်တော့်အတွက်အပန်းကြီးတယ်မှမရှိတာ။တစ်ခါတစ်လေစိတ်ကျေနပ်ရတဲ့ အခိုက်အတန့်လည်းရှိတာပဲ။ ဒီတော့ဘယ်မှာပဲတာဝန်ကျကျ
ငါ့အတွက်အဆင်မပြေစရာတော့မရှိပါဘူး။
posting ကိုတောင် စေလိုရာစေနဲ့တင်ခဲ့တာပဲ။

အနည်းဆုံးတော့ငါအဲဒီလိုထင်ခဲ့တာ။ အတွေးအထင်နဲ့လက်တွေ့ ကွာခြားနိုင်တာကိုမျှော်လင့်ထားပေမယ့်စိတ်ပျက်ရလောက်အောင်ဖြစ်မယ်လို့တော့ ငါကြိုမတွက်ထားတာအမှန်ပဲ။

အဲဒီကတည်းက လက်တွေ့ဘဝကိုငါချဉ်သွားခဲ့တယ်။ ကိုယ့်အကျိုးကိုလိုလားပုံရတဲ့ ဆရာတွေကတော့သတိပေးပါတယ်။ လုပ်ဖော်ကိုင်ဖော်အချင်းချင်း မရှုစိတ်တာမျိုး၊ နှုတ်နဲ့တစ်နည်း တိုက်ရိုက်တစ်ဖုံတိုက်ခိုက်လာနိုင်တာမျိုးကြုံမယ်တဲ့။ အဲဒီအရာတွေမျှော်လင့်ထားပေမယ့် ဖြစ်နိုင်ချေတွေကိုလျှော့တွက်ခဲ့မိတာ ငါ့အမှားပါ။‎

ငါနဲ့ပက်သက်တဲ့ပထမဆုံးသတင်းထွက်လာတဲ့အချိန်ဆို ငါပညာတံခွန်ရောက်ပြီးတစ်လတောင်မှ
မကြာသေးဘူး။ ငါက alcohol addict တဲ့။
လျှော့လျှော့ပေါ့ပေါ့ပြောရရင် အရက်ကြိုက်တဲ့လူပေါ့။ အထက်တန်းကျောင်းသားတုန်းကအတိုင်းမသောက်တတ်မစားတတ်တဲ့လူရိုးပါလို့တော့ ဂုဏ်ယူပြီးမပြောလိုဘူး။ အရက်သောက်တတ်၊မတတ်ဆို
တာက ဂုဏ်ယူပြောနေရမယ့်အရာမဟုတ်မှန်းအသက်အရွယ်နဲ့အတွေ့အကြုံကငါ့ကိုသင်ပေးခဲ့ပြီ။ပြီးတော့လည်းငါအထိုက်အလျောက် သောက်တတ်စားတတ်နေပြီလေ။ ကြားရတဲ့သတင်းကလူတွေရဲ့ထုံးစံအတိုင်း လိုတာထက်ပိုချဲ့ကားထားတာရှိတာပေါ့။ဒါပေမယ့် ဘာမှတုံ့ပြန်မနေ‎တော့ဘူး။ မဟုတ်မမှန်စွပ်စွဲခံရလို့ ငယ်တုန်းကလို မရရအောင်ဖြေရှင်းပြောဆိုမနေတော့ဘူး။

မြစ်ပွားနာ [Cancer] (U+Z) [completed]Where stories live. Discover now