လီရှန်းနိုးလာတော့ မရတော့တဲ့အငွေ့သက်စူးစူးလေးကြောင့် အလျှင်မြန်ထကာ
အင်္ကျီကောက်ဝတ်လိုက်ပေမယ့် ကြိုးတောင်မစည်းနိင်ပဲ အဆောင်တော်ထဲအနံ့လိုက်ရှာနေမိသည်။
ဝေးကွာသလိုဖြစ်နေတဲ့ ငွေ့သက်လေးကြောင့် အနီးနားမှာရှိမနေဘူးဆိုတာ သိပေမယ့်လည်း အဆောင်ထဲတော့ အနံ့လိုက်ရှာနေမိသေးသည်။
သို့သော်လည်းမရှိသည်က ပြောင်းလဲမသွားခဲ့ပေ။ပူပင်လွန်းတဲ့လေပူတွေကိုမူတ်ထုတ်လိုက်ပြီး
အကျင့်မကောင်းတဲ့ မီးတောက်အိုကြီးကိုဒေါသထွက်နေမိသည်။ဘာနတ်ဆေးပဲစားစား အရှင်တကယ်လုပ်ရင်တော့လည်း သေမတတ်နာကျင်ပြီးသတိမေ့ရသည်ပါပဲ။
တော်သေးသည်ဟုပြောရမည်က ဆက်ဆံနေတုန်းသာနာပြီး ပြန်သတိရလာလျှင်တော့ နည်းနည်းလေးတောင်နာကျင်ခြင်းမရှိတော့တာပင်။
သို့သော်လည်း ခန္ဓာကိုယ်ကနူံးချိနေသည်။
အိပ်ရာပေါ်တချို့ အောက်တချို့ ပြန့်ကျဲနေတဲ့အဝတ်တွေကို သေချာပြန်ဝတ်ပြီး မီးနိုင်ငံတော်ကိုဝင်လာစက ရောက်ခဲ့တဲ့ ရို့ထို့တို့အဆောင်ကိုခြေဦးတည်ခဲ့တော့သည်။ရုတ်တရက်ဖြစ်လို့လားမသိ ရောက်ချလာတဲ့လီရှန်းကြောင့် ရို့ထို့ကနည်းနည်းတော့အံသြ သွားဟန်ပြပေမယ့် ဟန်ဆောင်မူကင်းတဲ့အပြုံးတို့ဖြင့်စီးကြိုလေသည်။
ရို့ထို့အဆောင်ထဲမှာ အရှင့်ရဲ့နောက်လိုက်သုံးယောက်ပါရောက်နေပြီး လက်ဖက်ရည်သောက်ရင်း စကားပြောနေကျပုံရသည်။
လီရှန်းပြုံးပြလိုက်ပေမယ့် ထိုကျို့သုံးယောက်မှာ ပြိုင်တူမျက်နှာလွဲသွားလေသည်။"လီရှန်း...လည်စရာနေရာတွေပေါတာတောင်မှ
ဒီအဆောင်ကိုပြန်လာသေးတယ်နော်"ရို့ထိုရဲ့ထိုစကားက လီရှန်းကိုသွားတွေအကုန်ပေါ်လာသည်အထိ ပြုံးစေသည်။
"ရို့ထို့ ဝတ်စုံအသစ်လိုချင်လို့"
လီရှန်းစကားကြောင့် ရို့ထိုကရယ်သည်။
ဟိုကျို့သုံးယောက်ကတော့ မကြည်ကြည့်တွေနဲ့ ကြည့်လာနေပေမယ့်လီရှန်းဂရုမစိုက်ပါ ရို့ထို့ကိုပဲပြုံးပြီးကြည့်နေလိုက်သည်။"အခုလား
ရတာပေါ့...လာလေ"ရို့ထို့က အထဲဝင်လာခိုင်းပြီး အဆောင်ရဲ့ညာဘက်ခြမ်းကအခန်းခွဲ တစ်ခန်းထဲခေါ်သွားကာ ဝတ်စုံရွေးစေတော့သည်။
ယောက်ကျားလေးအဝတ်စားတွေ သီးသန့်ထားတဲ့အခန့်းဖြစ်ဟန်တူပြီး ရွေးစရာတွေကရေနိုင်မယ်တောင်မထင်ပေ။
တန်းတွေပေါ်မှာအရှည်လိုက်ခေါက်ပြီး ပိုးထည်ပြသလို တန်းစီထားတဲ့ အတန်းတွေကမနည်းမနှောပင်။
ရို့ထို့ကတချို့ကိုရွေးပေးနေရင်း...
YOU ARE READING
The frozen heart of the fire king (Completed)
Fantasyမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ