(၂၉) (Both Zawgyi and unicode)

7.5K 492 8
                                    

[Unicode]

မိုးဖွဲဖွဲရွာသည်။

ဆောင်းအငွေ့အသက်တွေ.. ခံစားရသည်။

နွေရာသီရောက်ပြန်သည်။

တစ်ဖန်...မိုးတွင်းးး..။

ရာသီစက်ဝန်းတို့ အလီလီပြောင်းနေသည်။.. မိုးမှ ဆောင်းး.. ဆောင်းမှနွေ.. နွေမှ မိုး.. ။  လည်ပတ်ခြင်းတရားတို့က မဖော်ပြန်သော်လည်း လူ့စရိုက် သဘောဝ သဘာဝ၊ လူ့ဘဝမျိုးမျိုး၊ ကံတရားတွေ ၊ ကြံမ္မာတွေသည်း နိမ့်ခြည် မြင့်ချည် ၊ ကောင်းလိုက် ဆိုးလိုက်၊ ပျော်ရလိုက်၊ ဝမ်းနည်းရလိုက်၊ ငိုရပြန်သည်၊ ဟောတစ်ဖန် ရယ်ကြပြန်သည်။

လှိုင်းလုံးတို့ကတော့ သူ့သဘောသဘာဝအတိုင်း ရိုက်ခတ်လိုက်တာပဲ။ သို့သော် သူ့ဒဏ်ကို ခံနိုင်ရည်မရှိသော ကျောက်တုံးကျောက်ဆောင်တို့ ၊ ကုန်းမြေတို့ ပျက်စီးကြရသည်။ လေပြင်မုန်တိုင်းတို့ ကျရောက်သည်။ ထို့ကြောင့် မိသားစုတွေ အိုးအိမ်မဲ့ဖြစ်ကြရသည်။ အအေးလှိုင်းဖြတ်ပြန်တော့.. သက်ကြီးရွယ်တို့ အသက်ဆုံးရန်ပြန်သည်။

ဝုန်းးး

ဟောကြည့်.။ လှိုင်းငယ်လေးတစ်ခုဆောင့်လိူက်မှုကြောင့်ပင်.. ကျောက်ဆောင်လေးခမျာ နာကျင်သွားတော့မည်။ သို့သော်လည်း ကြုံသည်တို့ကို ရှောင်လွှဲမရသည်ကတော့ ဓမ္မတာပင်မလား။

ကျောင်ဆောင်နားတိုးသွားပြီး တစ်ချက်တစ်ချက်ဆောင့်တိုက်သော လှိုင်းလုံးတို့ကို လက်ဖြင့် ခံလိုက်သည်။ လက်ကို ရေအနည်းငယ်စွတ်သွားရုံမှအပ ဘာမှ မကျန်ခဲ့ပေ။ ဘေးနားက သဲမှုန်တို့ကို လက်ထဲထည့်ပြီး ရေထဲချကြည့်ပြန်သည်။ လှိုင်းတို့က အကုန်ဆွဲယူသွား၏။ သို့သော် ခရုခွံသေးသေးလေးတစ်ခုတော့ကျန်ခဲ့လေသည်။

"မင်းတော့ ကျန်သေးတာပဲ"

ချစ်စရာကောင်းသော ခရုခွံသေးသေးလေးနဲ့မလိုက်ဖက်စွာ အကျည်းတန်နေသည့် အမာရွတ်ဗလပွနှင့် လက်က အမြင်တွင် ကိုးလိုးကန့်လန့်။ လက်ခလယ်အောက်ခြေမှ စပြီး လက်ဖိုးအဆုံးအထိ ကန့်လန့်ဖြတ်အမာရွတ်ကြီးက ပိုဆိုးသည်။ ကျန်သည်များက ပြတ်ရာရှရာ အမာရွတ်သာသာဖြစ်၍ သိပ်အရုပ်မဆိုးလှပေ။ ခရုခွံလေးကို ဘယ်လက်ထဲပြောင်းထည့်ရန် ပြင်လိုက်ပြန်တော့ ဘယ်လက်သည်လည်း စိတ်ညစ်ဖွယ်ရာ။ အမာရွတ်များက မှိုလိုပေါက်နေပြီး ကွေးရဆန့်ရတာပင်ဘသိပ်အဆင်မပြေချင်သေးပေ။

"ည "Where stories live. Discover now