Hello🙆🙆

3.2K 122 29
                                    

TGM is calling Graphic Designers. I'm also Volunteering in TGM. If you're interested, please help us in supporting LBT roles.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

The Glorious Myanmar ဆိုတာ ဘာလဲ ?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

The Glorious Myanmar ဆိုတာ ဘာလဲ ?

ဒီအဖွဲ့အစည်း စထောင်ကတည်းက ပြောခဲ့တဲ့ အတိုင်း
The Glorious Myanmar ဆိုတာ မြန်မာနိုင်ငံက အမျိုးသမီးချင်း ချစ်ခင်စုံမက်တဲ့သူတွေ ကြောက်ရွံအားငယ်မှု ကင်းစွာနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်တိုင်သိရှိနားလည်ပြီး ရဲ့ရဲ့ရင့်ရင် ထုတ်ဖော်ပြသနိုင်ဖို့ အားပေးကူညီတဲ့ အဖွဲ့အစည်းပါ။

အမျိုးသမီးလို့ဆိုတဲ့နေရာမှာလည်း မွေးလာကတည်းက အမျိုးသမီးတစ်ယောက်အဖြစ် မွေးဖွားလာတဲ့သူတွေကိုပဲ ဆိုလိုပါတယ်။ ဒါကြောင့် မို့လို့ ကျွန်မတို့အဖွဲ့က ပြုလုပ်တဲ့ Meetup၊ Workshop နဲ့Training တွေက Lesbians ၊ Bisexual အမျိုးသမီး တွေနဲ့ Transgenderman တွေကိုပဲ ဦးတည်ပါတယ်။

ဒီလို အမျိုးသမီးတွေကိုပဲ ဦးတည်ချက်ထားလို့ Gay ( အမျိုးသားချင်း ချစ်ခင်စုံမက်သူ) တွေကို ခွဲခြားခြင်းလုံးဝ မဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့ရဲ့ Founders သုံးယောက်ထဲမှာလည်း လက်ရှိမြန်မာနိုင်ငံရဲ့ LGBT Rights အတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းမှာ လုပ်ကိုင်နေတဲ့သူရှိသလို LGBT rights အတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်​​နေကြတဲ့သူတွေပါ။ ဒါကြောင့်မို့လို့ သူရဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရီးကို အခြေခံပြီး LGBTအုပ်စုထဲကမှ လူနည်းစု ဖြစ်တဲ့ အဖိနှိပ်ခံရဆုံးဖြစ်တဲ့ LBT အမျိုးသမီးတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးဖို့ The Glorious Myanmar ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

"ည "Where stories live. Discover now