Part 4

5.4K 504 18
                                    

Unicode

Love & Revenge

Part 4

မြို့သားအစ်ကိုက တော်တော် ချမ်းသာတာပဲ....
ဥစ္စာပေါ ရုပ်ချောဆိုတာ ဒါမျိုးကို ပြောတာဖြစ်ရမယ်.....

ရိပေါ် စိတ်ထဲကနေ ရှောင်းကျန့်ကို မှတ်ချက်ပြုနေစဥ်မှာပဲ ရှောင်းကျန့်ဆီက စကားသံထွက်လာခဲ့သည်.....

ရိပေါ်ကို ဦးတည်ပြောကြားခြင်းတော့မဟုတ်....

"သူနေရမယ့်အခန်းကို လိုက်ပြပေးလိုက် ဖေးစစ်...."

မဟုတ်သေးဘူးလေ......
ကျတော် ကိုယ့်ကိုကိုယ် အရင်မိတ်ဆက်ဦးမယ်လေ.....
အခု အခန်းထဲကို ချက်ချင်းကြီး သွားရတော့မှာလား......

စိတ်ထဲက ပြောနေမိပေမယ့် တကယ့်လက်တွေ့မှာတော့ ဖေးစစ်ခေါ်ဆောင်ရာ မိမိနေရမယ့်အခန်းဆီ ခြေလှမ်းများက ဦးတည်လို့နေခဲ့ပြီ.....

မြို့သားအစ်ကိုက ဘယ်လိုကြီးလဲ.....
သဘောကောင်းမယ်လို့ထင်ထားတာကို အခုကျ အေးတိအေးစက်နဲ့.....။

"ကဲ.... ဒါ မင်းနေရမယ့်အခန်းပဲ ......."

ရိပေါ် သူနေရမယ့်အခန်းကို မျက်​လုံးဝေ့ကာ ကြည့်လိုက်မိသည်...  

အိပ်ယာခင်းအစုံနဲ့ ကုတင်ကြီးကြီးတစ်လုံးရယ် ဘီရိုတစ်လုံးရယ်ကလွဲပြီး ဘာမှရှိ​မနေတဲ့ အခန်းကျယ်ကြီးတစ်ခန်း.....

"ဟို.....ဒီကအစ်ကို
ကျတော် တစ်ခုလောက်မေးချင်လို့ ရလား​ဗျ"

"တစ်ခုမကဘူး ဆယ်ခုလောက်လဲ မေးလို့ရပါတယ် ဒီကညီ......"

ငှယ်.... ဘယ်လိုတောင်လား
ဒီကညီဆိုပဲ......

"ဟို..... ကျတော့်နာမည်က ဝမ်ရိပေါ်ပါ
ဒီကအစ်ကိုနာမည်က....."

တဟိုဟိုနဲ့ ရိပေါ်ကို ကြည့်ပြီး ဖေးစစ် ရယ်ချင်စိတ်ကို မနည်းထိန်းထားရတယ်

သူ့ရွာမှာတုန်းကတော့ ဂေါ်လီလို....
အခုကျတော့လဲ မခုတ်တတ်တဲ့ကြောင်လေးကျလို့......
ကြောင်လက်သည်းဖွတ်တယ်ဆိုတာ ဒါမျိုးနေမှာ......

"ဒီက အစ်ကိုနာမည်က လျိုဖေးစစ်လို့ခေါ်ပါတယ်​ဗျ.....
နောက်ထပ်ရော ဘာသိချင်သေးလဲ ဒီကညီ.....

Love & Revenge ( Complete )Tempat cerita menjadi hidup. Temukan sekarang