Part 8

4.8K 432 16
                                    

Unicode

Love & Revenge

Part 8

ရှောင်းကျန့် အလုပ်ပိတ်ရက်မို့ အပေါ်ထပ်က အခန်းထဲမှာပဲ အခန်းအောင်းနေရတာ ပျင်းလာတာနဲ့ အောက်ထပ်ကို ဆင်းခဲ့လိုက်သည်...
အောက်ထပ်က ဧည့်ခန်းထဲမှာ ကုတ်ကုတ်ကလေး စာလုပ်နေတဲ့ ဝမ်ရိပေါ်ကို မြင်လိုက်တာနဲ့ ခြေလှမ်းတို့ တခဏတာ ရပ်တန့်သွားရလေတယ်။
အရင်က ကျောင်းပိတ်ရက်တွေဆို သူ့အခန်းထဲမှာပဲ စာလုပ်တာပါ....။ ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး ဒီဧည့်ခန်းထဲရောက်နေတာပါလိမ့်...။

မတတ်နိုင်.....။
ကိုယ်ကလဲ ဒီနေ့မှ အောက်ထပ်ကိုဆင်းချင်တဲ့ အာသီသက ရှိနေတာဆိုတော့ ဆက်ပြီးတော့သာ လှမ်းခဲ့လိုက်မိတယ်.....။

ရိပေါ် စာလုပ်နေရင်း ဘေးနားက လူရိပ်သဏ္ဍန်ပေါ်လာတာကြောင့် ခေါင်းမော့ကြည့်မိတော့...

ဗုဒ္ဓေါ!!!!

ရိပေါ့်မှာ ရှောင်းကျန့်အိမ်ကိုရောက်မှ ရောဂါတစ်ခု စွဲကပ်ခံလိုက်ရတယ်ထင်ပါ့....။
ရှောင်းကျန့်ကိုမြင်လိုက်တာနဲ့ ဘာလို့ရယ်မသိ အမြဲ လန့်နေတတ်တဲ့ ရောဂါ....။

အလုပ်ပိတ်ရက်ဆို သူ့အပေါ်ထပ်ကနေ အောက်ထပ်ဆင်းဖို့ဆိုတာ ထမင်းစားချိန် တစ်ချိန်သာရှိတဲ့ အစ်ကိုက အခု ဘာလာလုပ်တာပါလိမ့်....။

ဂလု!!!!

ရိပေါ် တံတွေးတစ်ချက် မြိုချလိုက်ကာ စိတ်ထဲကလဲ ရေရွတ်လိုက်မိသေးသည်...။
ဘာတွေများ ဆူစရာရှိနေလို့ပါလိမ့်....။

ရှောင်းကျန့် ဧည့်ခန်းက ဆိုဖာပေါ်မှာလဲ မထိုင်၊ ခြံထဲလဲ မဆင်းပဲ ရိပေါ်ရဲ့ဘေးကနေ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်....။

ရိပေါ် စာထဲကို အာရုံမရောက်နိုင်တော့ပေ....။
ဘေးကနေ ဘာမှလဲ မဆူ မပြောပဲ လမ်းလျှောက် နေတဲ့ ရှောင်းကျန့်နောက်ကိုသာ အကြည့်တွေက လိုက်နေမိတော့တယ်....။

မိုးလေဝသ သတင်းမှာလဲ အအေးဓာတ်ပိုမယ်လို့ ​ကြော်ငြာမထားပါဘူး....
ဘယ်လိုဖြစ်ပြီး အခန်းအပူချိန်က အနှုတ်ဒီဂရီဘက်ရောက်နေရတာပါလိမ့်မယ်။

ဘယ်ညာ အရှေ့အနောက် လူးလားခေါက်ပြန် လမ်းလျှောက်နေတဲ့ ရှောင်းကျန့်ကို လိုက်ကြည့်ရင်း ရိပေါ် ခေါင်းမူးလာသလိုတောင် ခံစားရသည်.....။

Love & Revenge ( Complete )Where stories live. Discover now