Part 20

4.3K 388 65
                                    

Unicode

Part 20

ပိတ်လှောင်ထားတဲ့ စိတ်တံခါးကို
ချစ်ခြင်းမေတ္တာနဲ့ တွန်းဖွင့်ကြည့်မိတော့
နှလုံးသားအခန်းငယ်က အရောင်ခပ်ဖျော့ဖျော့ရယ်...
ဗလာကျင်းနေတဲ့ရင်ခွင်ဆီ
ဇွတ်အတင်းတိုးဝင်လိုက်လို့ ဖြစ်ပါရဲ့လား....
နာကျင်နေသူကို ဒဏ်ရာတွေ ထပ်ပေးမိမှာစိုးရဲ့.....။

.
.
.
.
.
မုန်တိုင်းတွေပြီးရင် လေ​ပြေလာစမြဲတဲ့....။
ဒီရက်ပိုင်း အစ်ကို့ရဲ့ အပြုံးတွေက နွေမနက်ခင်းရဲ့လေ ပြေညှင်းလေးလို  လတ်ဆက်ရွှင်လန်းနေတာ...။
ဒါပေမယ့်လဲ အဲ့ဒီအပြုံးလေးက လေပြေလေညှင်းလေးလို ဖမ်းဆုပ်သိမ်းဆည်းထားခွင့်မှမရှိပဲ။ ကျွန်တော်ငေးကြည့်ရုံသာ တတ်နိုင်တဲ့ နွေဦးပန်းချီကားတစ်ချပ်။

"ဧည့်သည်တစ်ယောက်ကို အိမ်မှာညနေစာဖိတ်ကျွေးဖို့ရှိလို့ ဒီညနေစာကို သေချာပြင်ဆင်ထားပေးပါ...."

ထမင်းချက်အဒေါ်ကြီးကို မှာနေတဲ့ ရှောင်းကျန့်ရဲ့ စကားသံကြောင့်​  တမေ့တမော ငေးကြည့်နေမိတဲ့ ရိပေါ် အသိစိတ်လာတယ်။

ဧည့်သည်!!!!
ဒီအိမ်ကို စရောက်ထဲက အပြင်ဧည့်သည်လာရောက်တာမျိုး ရိပေါ်မတွေ့ခဲ့ဖူးပါ။ အခုလို ထမင်းစားဖိတ်ကျွေးရလောက်အထိဆိုတော့ အစ်ကိုနဲ့ တော်တော်ရင်းနှီးပုံရတယ်။

"ရိပေါ်....
ညနေ ဧည့်သည်လာမှာမို့ မင်းလဲ သပ်သပ်ရပ်ရပ်နဲ့ သေချာပြင်ဆင်ထား...."

လေသံက မာကြောနေတာမျိုးမဟုတ်ပေမယ့် အမိန့်ပေးစေခိုင်းလိုက်သလိုပင်။
စိတ်ထဲမှာတော့ ဝမ်းနည်းဝမ်းသာနဲ့ ဘယ်လိုခံစားချက်ကြီးမှန်းမသိ။
အဲ့ဒီလူက အစ်ကို့အတွက် ဘယ်လောက်တောင် အရေးကြီးတဲ့သူမို့လို့လဲ။
ဒါပေမယ့် သူ့ကိုပါ အရေးပေးပြီး မိတ်ဆက်ပေးမယ့်ပုံမျိုးပြောသွားတာဆိုတော့ နည်းနည်းတော့ ကြည်နူးမိတာအမှန်ပါ။

ချစ်ရသူထံက နှုတ်ထွက်စကားမှန်သမျှဟာ
ကျွန်တော့်အတွက် ဦးထိပ်ပန်ဆင်ရမယ့်
အမိန့်အာဏာ.....
ဒါဟာ ဘယ်သူပေးအပ်တဲ့တာဝန်မှ မဟုတ်ရပါ။
ကိုယ်တိုင်က လိုလိုလားလားနဲ့ ထမ်းရွက်​မိတဲ့
နှလုံးသားရဲ့စေစားရာ....။

Love & Revenge ( Complete )Where stories live. Discover now