5

5.9K 648 29
                                    


"အဲ့ဒီ​တော့ စင်​သီယာရဲ့ ကားရဲ့ ဘရိတ်​ကြိုးကိုဖြတ်​လိုက်​တာကမင်း​ပေါ့"

ခပ်​​ဖြေး​ဖြေး​ခေါင်းညိမ့်​ပြတဲ့အဆုံးမှာ ယွီပင်းစိတ်​​မောလူ​မောဖြစ်​သွားသည်​။
ဝမ်​ရိ​ပေါ်ကို ဒီအမူက လွတ်​​အောင်​ကူညီ​ပေးချင်​​နေမိ​ပေမယ့်
သူက​တော့ ဟိုးအရင်​ကအ​ရေးမယူခဲ့တဲ့ပြစ်​မူ​တွေကိုပါ ရိုက်​မစစ်​ဘဲ ဝန်​ခံ​နေတယ်​။

"အဲ့တုန်းက ​ကား​မှောက်​မှုဖြစ်​တာကို မင်းတို့ကို ရဲ​တွေက သံသယမဝင်​ဘူးလား"

ယွီပင်းအ​မေးကို ဝမ်​ရိ​ပေါ်က မ​ဖြေ​သေးဘဲ
ဘူးထဲက စီးကရက်​တစ်​လိပ်​ကို ထုတ်​ယူပြီး မီးညှိလိုက်​သည်​။

ယွီပင်း စီးကရက်​ကို ပြန်​လုလိုက်​ရင်း

"မင်း​သောက်​တာ ၅လိပ်​ရှိ​နေပြီ၊ ​တော်​​တော့ ကျန်းမာ​ရေးအတွက်​မ​ကောင်းဘူး"

ဝမ်​ရိ​ပေါ် မျက်​နှာကို ရူံ့မဲ့လိုက်​ပြီး

"လူသတ်​မှုနဲ့ ​သေမိန့်​ကျရင်​ကျ၊ မကျရင်​ တစ်​သက်​တစ်​ကျွန်းကျမယ့်​သူပဲဟာ၊
ဘာ​တွေထူးပြီး စိုးရိမ်​​နေရမှာလဲ"

ဝမ်​ရိ​ပေါ်ရဲ့အသံက ပကဓိ တည်​ငြိမ်​​နေတယ်​။
တရားခံ​တွေရဲ့ ​ကြောက်​လန့်​ခြင်း၊စိုးရွံခြင်း​တွေသူမှာမရှိဘူး။
သူရဲ့ခံစားမူကိုလူ​တွေမမြင်​​အောင်​ ဟန်​​ဆောင်​​နေတာလား တကယ်ပဲ တုန်​လှုပ်​​ခြောက်​ချားခြင်းမရှိတာလား။ရိ​ပေါ် ရဲ့ စိတ်​ထဲကိုဝင်​ကြည့်​ချင်​လိုက်​တာ..။

ယွီပင်းက စီးကရက်​ကို ပြန်​​ပေးလိုက်​​တော့ ဝမ်​ရိ​ပေါ် မျက်​နှာထက်​မှာ အပြုံးရိပ်​​လေး ​ပြေးသွားတယ်​။

"ကိုကို က အရမ်းရယ်​ရတယ်​သိလား။
ကျွန်​​တော့်​ကို ချစ်​​နေရဲ့နဲ့ မချစ်​ချင်​​ယောင်​​ဆောင်​​သေးတယ်​။
သူ့ချစ်​သူ စင်​သီယာ ကား​မှောက်​မှုဖြစ်​တယ်​ဆို​တော့ ရဲ​တွေက အိမ်​ကို လာစစ်​​ဆေး​မေးမြန်းကြတယ်​။
အဲ့​ဒီကောင်​မကသိပ်​စိတ်​ပျက်​ဖို့​ကောင်းတယ်​။ ​သေတာ​တောင်​ဂြိုလ်​​မွှေ​နေတုန်း။
သူမ ခန္ဓာကိုယ်​ထဲမှာ ကိုကို့ရဲ့ သုတ်​ပိုးကို ​တွေ့လို့ဆိုပြီး ကိုကိုက သံသယစာရင်းထဲ ဝင်​သွားတယ်​။
ကိုကို ကို အမျိုးမျိုးစစ်​​မေးကြပြီး အိမ်​ထဲမှာရှိတဲ့ CCTV ​တွေကို ယူစစ်​ကြတယ်​။တ​နေကုန်​အိမ်​ထဲကအိမ်​ပြင်​မထွက်​တဲ့အ​ကြောင်းအလီဘိုင်​ပြနိုင်​ခဲ့တဲ့CCTV record ​ကြောင့်​သာသံသယစာရင်းထဲက ကိုကို ကို ဖယ်​ထုတ်​လိုက်​ကြတာ၊ဒါ​တောင်​ရဲ​တွေ
ကားဂို​ဒေါင်​နားက CCTV ကို ရဲ​တွေယူစစ်​ကြ​သေးတယ်​။ဒါ​ပေမယ့်​ အံသြဖို့​ကောင်းစွာပဲ   အဲ့ဒီcctvက ပျက်​​နေတယ်​။
အိမ်​မှာက ကိုကိုအပြင်​ ကျွန်​​တော်​ပဲရှိတာဆို​တော့ က​လေးသာသာအရွယ်​ကျွန်​​တော့်​ကို ရဲ​တွေက သံသယရှိသူစာရင်းထဲမထည့်​ကြဘူး​လေ။
ဟားဟား...ရဲ​တွေပြန်​သွား​တော့ ကိုကိုက ကျွန်​​တော့်​ကို ဘာ​ပြောတယ်​ထင်​လဲ.."

AUTOPHOBIA (Complete)Where stories live. Discover now