13(unicode)

1.8K 126 3
                                    

လွမ်းမောဖွယ်ကောင်းတဲ့ ပုံပြင်လေးက ဒီကနေစတယ်။
ရှောင်ရှောင်းကျန့်ရဲ့ အသက်နှစ်ဆယ်ပြည့် မွေးနေ့မှာ ရေခဲမုန့်စားချင်လွန်းလို့ အမေကိုပူဆာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။

ပါးဖောင်းဖောင်းလေးနဲ့ ချစ်စဖွယ်ကောင်လေးကို မြင်မြင်ချင်း ချစ်ခင်မိတာမို့ ကောင်လေး လိုချင်နေတဲ့ရေခဲမုန့်လေးကို ဝယ်ကျွေးခဲ့တယ်။

ကံကြမ္မာဆိုတာကို ဘယ်သူက ကြိုမြင်နေမှာလဲ။
အိမ်အပြန်လမ်းမှာ ကားမှောက်မှုဖြစ်စဉ်တစ်ခုကိုမျက်မြင်တွေ့ခဲ့ရတဲ့ ရှောင်းကျန့်က အကူအညီပေးရန် လူတွေ အုံနေတဲ့ ကားအနားကိုသွားကြည့်တော့ သေဆုံးနေပြီဖြစ်တဲ့ယောကျားနဲ့မိန်းမအလောင်းကိုတွေ့ခဲ့ရတယ်။
အရေးပေါ်ကားရောက်လာတဲ့အချိန် ကားထဲကနေဆွဲထုတ်လာတဲ့အမျိုးသမီးရုပ်အလောင်းကို ကြည့်လိုက်တော့
ထိုအမျိုးသမီးမျက်နှာက မနက်က ကစားကွင်းမှာတွေ့ခဲ့တဲ့ကောင်လေးရဲ့မိခင်မျက်နှာနဲ့တစ်ထေရာတည်းပဲ။

ဒါဆို ကောင်လေးကရော..

ရှောင်းကျန့်က ရှုပ်ထွေးလွန်းတဲ့ လမ်းတွေကြားထဲ တစ်လမ်းဝင်တစ်လမ်းထွက်ရှာနေခဲ့တယ်။
ဟိုးဝေးဝေးမှာမြင်နေရတဲ့မီးတိုင်အောက်က ကောင်လေးက
သူ့မွေးနေ့အတွက် ဘုရားသခင်က ပေးတဲ့လက်ဆောင်မွန် တစ်ခုဖြစ်ခဲ့တယ်။

အတိတ်ကိုလုံးဝမမှတ်မိတဲ့ ကောင်လေးကို သူပိုပြီးယုယကြင်နာခဲ့တယ်။
သူ့ကမ္ဘာမှာ ကောင်လေးပဲရှိသလို
ကောင်လေးရဲ့ကမ္ဘာမှာလဲ သူတစ်ယောက်ပဲရှိနေခဲ့တယ်။

ထားခဲ့သမျှရည်စားအကုန်လုံးကို ကောင်လေးကိုအပြစ်ပြောနေပြီဆိုတဲ့တစ်ခုသောအကြောင်းပြချက်နဲ့ သူစွန့်လွှတ်ခဲ့တယ်။

တစ်နေ့ပေါ့။
စန္ဒယားသင်ပေးနေတဲ့နေ့က မတီးတတ်ပါဘူးလို့ လိမ်နေခဲ့တဲ့ကောင်လေးက သူ့ကွယ်ရာမှာ သီချင်းသံစဉ်တွေကို ကျွင်းကျွင်းကျင်ကျင် တီးခတ်နိုင်ခဲ့တယ်။
ကောင်လေး ဘာကြောင့် သူ့ကိုလိမ်တာလဲ။

အမြဲတမ်းခရီးထွက်ရတဲ့သူ့အလုပ်ကြောင့် ကောင်လေးကိုတစ်ယောက်တည်းအိမ်ထဲမှာမကျန်စေခဲ့ဖို့ ခွေးလေးတစ်ကောင်ဝယ်ပေးခဲ့တယ်။

AUTOPHOBIA (Complete)Where stories live. Discover now