" သောက်မလား"
လက်ထဲက စီးကရက်ဘူးကို ပြကာ မေးလာသော ကောင်မလေးကို ကြည့်ပြီး ခေါင်းကိုအသာခါပြလိုက်တယ်။
"ငါ ပြောစရာရှိတယ်"
ခန္ဓာကိုယ်ပေါ်က လွှမ်းခြုံထားသောပထမဆုံးအလွှာကို ချွတ်နေသော ကောင်မလေးက ရိပေါ် ရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်ပြီး
"ဘာလဲ ငါမလုပ်နိုင်ဘူးလို့ပြောမလို့လား။ ဘယ်လိုလုပ်မလဲ ကျွန်မကလဲ ရှင့်ကို ဒီနေ့ ပြုစုပေးရမှာကို ဖြစ်မှာ"
မျက်မှောင်ကျုံ့လိုက်ပြီး ခေါင်းက ဆံပင်တွေကိုသာ ဖွလိုက်တယ်။
"ကျွန်မ အလုပ် လက်မခံချင်တဲ့ လူ သုံးမျိုးရှိတယ်၊
virgin ရယ် ၊ အသက်မပြည့်တဲ့သူရယ် ပြီးတော့ Gay ရယ်၊ သောက်လုပ်တအားရှုပ်လို့။
ရှင် ပုံစံကြည့်ရတာ ကျွန်မ လက်မခံချင်တဲ့အကြောင်းအရာအားလုံးနဲ့ တိုက်ဆိုင်နေသလိုပဲ"ပါးစပ်ကနေ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်တဲ့ ကောင်မလေးကို ကြည့်ပြီး
"ငါ....ငါအခြောက်မဟုတ်ဘူး"
ခေါင်းကို ခါယမ်းကာပြောနေတဲ့ ရိပေါ် ရဲ့ လက်တွေက တုန်ရီနေပြီးသူ အခြောက်မဟုတ်ကြောင်းအကြောက်အကန်ငြင်းဆိုနေတယ်။"အခြားယောကျာ်းတစ်ယောက်ကို သဘောကျနေတဲ့ယောကျာ်လေးက Gay မဟုတ်လို့ဘာလဲ။"
ရိပေါ်ရဲ့ စိတ်ထဲ အမည်မသိတဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေဝင်လာတယ်။
မှောင်နေတဲ့ အခန်းကို ကြောက်တယ်။
ရှောင်းကျန့်မဟုတ်တဲ့အခြားသူသောက်နေတဲ့ ဆေးလိပ်ငွေ့တွေကို ကြောက်တယ်။
ရှေ့မှာထိုင်ပြီး လှောင်ရယ် ရယ်နေတဲ့ အမျိုးသမီးကို ကြောက်တယ်။
နားထင်က အကြောတွေတင်းလာကာ
အဆမတန် နာကျင်လာပြီး ခေါင်းထဲမှာ တကျီကျီနဲ့ အသံစုံမြည်လာတယ်။
အား....!! ခေါင်းတွေ ကိုက်လိုက်တာ!!!ထိုးကိုက်လာတဲ့ ခေါင်းကို လက်နဲ့အားကုန်ဖိပြီး မျက်လုံးကိုမှိတ်ချလိုက်တယ်။
ဒီအကြောက်တရားက လွှတ်အောင်ဘယ်လိုလုပ်ရမလဲ။လွယ်ပါတယ်။
ကိုယ်ကို့ သူများအနိုင်ကျင့်တာ မခံချင်ရင်
ကိုယ်က ဦးအောင် အနိုင်ကျင့်ပေးရတယ်တဲ့။
YOU ARE READING
AUTOPHOBIA (Complete)
Fanfictionအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!