20[Z+U]

10.3K 1.2K 48
                                    

Zawgyi
................

ဝမ်​ရိ​ပေါ်တစ်​​ယောက်​ ​ရှောင်းကျန့်​အတန်းချိန်​ရှိသည့်​ အင်္ဂါနှင့်ေ​သာကြာ​နေ့ည​နေ​တွေဆို ဆိုင်​ကယ်​မယူလာ။ ရှောင်းကျန့်​ကားနဲ့ပဲလိုက်​လာပြီး ညစာစားပြီးမှ ​ရှောင်းကျန့်​ကအ​ဆောင်​ကိုပြန်​လိုက်​ပို့​လေ့ရှိသည်​။ တချို့​သော ​သောကြာည​တွေမှာ​တော့​ရှောင်းကျန့်​အိမ်​မှာပဲအိပ်​ပြီး စ​နေ​နေ့မှသူ့အိမ်​ကိုပြန်​​​​တော့သည်​။

အခုလည်းညစာစားပြီး ဝမ်​ရိ​ပေါ်အ​ဆောင်​ကို ပြန်​ပို့​နေသည့်​လမ်းမှာ ဝမ်​ရိ​ပေါ်ကဂျီကျ​​နေ၏။

"မပြန်​ချင်​ဘူး ပါ​မောက္ခ​ရှောင်းကလည်း ဒီတစ်​ညပဲအိပ်​မှာကို၊ မနက်​မှပါ​မောက္ခကားနဲ့​ ကျောင်းကိုပြန်​လိုက်​မယ်​​လေ"

"မရဘူး စာ​မေးပွဲလာ​တော့မှာ စာပြန်​ကြည့်​ဦး၊ မနက်​လည်း​ကျောင်းတက်​ရဦးမှာ မဆိုးနဲ့"

"ဟွန်း"

ကျောင်းအ​ဆောင်​၏ခပ်​လှမ်းလှမ်းအ​မှောင်​ရိပ်​နားတွင်​ ​ရှောင်းကျန့်​ကားကိုရပ်​လိုက်​သည်​။ သူ့​ဘေးက ဝမ်​ရိ​ပေါ်က​တော့ နှုတ်​ခမ်းထူထူ​လေးကိုစူလို့။

ရှောင်းကျန့်​ သူ့ရဲ့​ကောင်​စုတ်​​လေးကိုကြည့်​ပြီး ခပ်​ဖွဖွပြုံးမိသည်​။ ​ကျောင်းက က​လေးမ​တွေကို​ခေါ်ပြလိုက်​ချင်​သည်​၊ သူတို့ရဲ့မင်းသား​လေးဝမ်​ရိ​ပေါ်က ဘယ်​​လောက်​ဂျီကျပြီးက​လေးဆန်​တတ်​​ကြောင်း၊ အများကြားဖူးသည့် ​အ​ချေ​ကောင်​​လေး၊ ရုပ်​​ချော၊တည်​ကြည်​သည်​ဆို​သော​ဆောင်​ပုဒ်​​တွေ မည်သည့်ြ​​ကွက်​တွင်း​ထဲဝင်​ကုန်​တာလဲ​မသိ။

"ကျွန်​​တော်​သိတယ်​ ကျွန်​​တော်​သိသားပဲ၊ ခင်​​ဗျားကြီး ကျွန်​​တော့်​ကိုမချစ်​ဘူးဆိုတာ"

ဝမ်​ရိ​ပေါ်က အင်​မတန်​ဇာတ်​နာ​နေသည့်​ ဒရမ်​မာမင်းသားရုပ်​နှင့်ဆ​က်​​ပြောသည်​။

"ကျွန်​​တော်​ကတစ်​​ယောက်​တည်းအရူးထ​နေတာပါ၊ ကျွန်​​တော်​တစ်​​ယောက်​တည်းပဲ"

လက်​​ဆောင်​ [လက်ဆောင်] CompletedWhere stories live. Discover now