34 [Z+U]

9.6K 1.2K 121
                                    

Zawgyi
...............

ခဏ​နေ ဆရာဝန်​​ရောက်​လာပြီး 
ရိ​ပေါ်​အ​မေကိုစမ်းသပ်​​ပေး​သည်​။
အ​ခြေအ​နေ​တွေကအားလုံးရှုပ်​​ထွေး​နေဆဲ။
ရှောင်းကျန့်​ စိတ်​​တွေက​ယောင်​​​ခြောက်​ခြားလွင့်​​နေရင်း သတိရသွားတယ်​။
ဟုတ်​တယ်​၊ ရိ​ပေါ်...ရိ​ပေါ်ဆီဖုန်းဆက်​ရမယ်​။

ရှောင်းကျန့်​ အ​ပေါ်ထပ်​ကို​ပြေးတက်​သွားပြီး
သူ့အခန်းထဲမှာဖုန်း​ပြေးရှာတယ်​။
ဖုန်း​တွေ့​တော့ တုန်​ယင်​​နေတဲ့လက်​​တွေ​ကြောင့်
ဖုန်းကိုကြိုးစားနှိပ်​​နေရသည်​။
ဒီကြားထဲ ရုတ်​တရက်​မျက်​ရည်​​တွေကပြိုခနဲကျလာပြီး
ဝေဝါး​နေတဲ့အမြင်​အာရုံကြားက​နေ
ကြိုးစားဖုန်း​ခေါ်​နေရတယ်​။

စက်​ပိတ်​ထားပါတယ်​ဆိုတဲ့ ဖုန်း​ဖြေသံ​ကြောင့်
ရှောင်းကျန့်​ စိတ်​​တွေရှုပ်​လာသည်​။

'ဘာ​တွေလဲ၊ ဘာ​တွေ​လျှောက်​​ပြော​နေတာလဲ
ဝမ်​ရိ​ပေါ်...ဘယ်​မှာလဲ၊
ဘာလုပ်​​နေလို့ဖုန်းပိတ်​ထားတာလဲ'

ထပ်​ခါထပ်​ခါ​ခေါ်​နေတဲ့ ဝမ်​ရိ​ပေါ်ဖုန်းနံပါတ်​​လေးက
စိတ်​ပိတ်​ထားပါသည်​ပဲအကြိမ်​ကြိမ်​။

'ဝမ်​ရိ​ပေါ်ရယ်​...ဖုန်းကိုင်​ပါ...'

ရှောင်းကျန့်​ ကြမ်းပြင်​မှာမျက်​နှာကိုအပ်​ရင်း
ဖုန်း​လေးကိုကိုင်​ကာငို​နေမိသည်​။

'ဝမ်​ရိ​ပေါ်...ငါ့ကိုမ​နောက်​ပါနဲ့..
မဟုတ်​ဘူး... မင်း ​နောက်​​နေတာမလား
ခါတိုင်းလို ဟာသလုပ်​​နေတာမလား...
မလုပ်​ပါနဲ့...ဒီလိုမျိုး ဟာသမလုပ်​ပါနဲ့
ငါ...ငါ​ကြောက်​တယ်​ ဒီလိုကြီးမလုပ်​ပါနဲ့'

ငို​နေရင်း သတိရ​တော့ ဖုန်းထပ်​​ခေါ်ပြန်​သည်​။
စက်​ပိတ်​ထားပါသည်​ဆိုတဲ့အ​ဖြေထွက်​လာ​တော့
သည်းမခံနိုင်​တဲ့​ဒေါသနဲ့ ဖုန်းကိုနံရံမှာပစ်​​ပေါက်​ခွဲလိုက်​တယ်​။ ​ဒေါသ​ကြောင့်​ ​အော်​​ခေါ်လိုက်​တဲ့နာမည်​က အကျယ်​ကြီး။

'ဝမ်​ရိ​ပေါ်...'

ခဏ​နေမှ ရှိုက်​ငိုသံ​တွေကြားက​နေ
တိုး​ဖျော့တဲ့​နောက်​ဆက်​စကား​လေးထွက်​လာသည်​။

လက်​​ဆောင်​ [လက်ဆောင်] CompletedWhere stories live. Discover now