30[Z+U]

9.5K 1.1K 24
                                    

Zawgyi
................

နဂိုအစီအစဉ်​အရ ညစာစားပြီးလျှင်​ ​ရှောင်းကျန့်​တို့ပြန်​ကြမလို့ပင်​။ သို့​သော်​ မထင်​မှတ်​ဘဲ ဝမ်​အိမ်​​တော်​မှာပဲ သူတို့ညအိပ်​ဖြစ်​သွားသည်​။ ဝမ်​ရိ​ပေါ်က ​ရှောင်းကျန့်​နှင့်​စီ​ကျွေးအိပ်​ရန်​ သူ့အခန်းကပ်​လျက်​ကအခန်းကိုစီစဉ်​ခိုင်းသည်​။

ည​ရောက်​ချိန်​ က​လေးပီပီစီ​ကျွေးကပင်​ပန်းပြီး ​စော​စောအိပ်​သွား​သော်​လည်း ​ရှောင်းကျန့်​မှာအိပ်​မ​ပျော်​နိုင်​။ ဝမ်​ရိ​ပေါ် သူ့ကိုမတိုင်​ပင်​ဘဲ ဘာ​တွေလုပ်​ထားပါသနည်း။ ​နောက်​ထပ်​သူမသိ​သေးသည့်​အ​ကြောင်းအရာ​တွေ​ရော၊ သူက အသိ​ပေးခံရရုံသက်​သက်​လား။ သူ့ရဲ့အ​တွေး​တွေ၊ ဆုံးဖြတ်​ချက်​​တွေက​ရော ဝမ်​ရိ​ပေါ်အတွက်​အ​ရေးမပါတာလား။

ဝမ်​ရိ​ပေါ်အ​ဖေ​ပြောသကဲ့သို့ ယ​နေ့လိုအ​ခြေအ​နေမျိုးရလာ​အောင်​ ဝမ်​ရိ​ပေါ်မည်မျှပင်​ အတိုက်​အခံ​တွေကြိုးစားလုပ်​ခဲ့လဲ​တွေးမိပြန်​​သောအခါ သူ့ရင်​ထဲဝမ်းနည်းဝမ်းသာဖြစ်​ရပြန်​သည်​။ သူ့အ​ပေါ်ထား​သောဝမ်​ရိ​ပေါ်စိတ်​က မည်​မျှ​လေးနက်​သလဲသိခွင့်​ရသလို၊ ဝမ်​ရိ​ပေါ်က သူနဲ့အတူမျှ​ဝေခံစားချင်​စိတ်​မရှိဘူးဆိုပြီးခံရခက်​ပြန်​သည်​။

ရှောင်းကျန့်​ အ​တွေး​များနှင့်​လူးလိမ့်​​နေစဉ်​ ဖုန်းထဲကို စာဝင်​သံ​လေးထွက်​လာသည်​။

"ကျန့်​​ကော၊ ကျွန်​​တော်​ အခန်းထဲမှာ​စောင့်​​နေမယ်​​နော်​"

စာကိုတစ်​ချက်​ကြည့်​ပြီး​နောက်​ ​ရှောင်းကျန့်​​ဖုန်းကို​ဘေးပြန်​ချ
ထားလိုက်​သည်​။ ဤအချိန်​တွင်​ ဝမ်​ရိ​ပေါ်ထံမှ မည်​သည့်​စကားမှ သူနားမ​ထောင်​ချင်​​သေး။ ​နောက်​​တော့ အိပ်​မ​ပျော်​မယ့်​အတူတူ စာဖတ်​​နေဖို့သာရှောင်းကျန့်​ဆုံးဖြတ်​လိုက်​သည်​။ စာအုပ်​ကအနီးအနားမှာမရှိသည့်​အတွက်​ မျက်​မှန်​တပ်​ပြီး ဖုန်းထဲကစာအုပ်​ဖတ်​​နေလိုက်​သည်​။

ခဏ​အကြာတွင် ​သူ့အခန်းတံခါး​ သာသာ​လေးပွင့်​လာသည်​။ ခြေ​ဖော့နင်းလာ​သောဝမ်​ရိ​ပေါ်က အခန်းထဲသို့အတက်​နိုင်​ဆုံး ညင်​ညင်​သာသာ​လေးဝင်​လာ၏။ ကုတင်​နား​ရောက်​လာပြီး ​ရှောင်းကျန့်​​ဘေး တင်​ပါးလွှဲဝင်​ထိုင်​သည်​။ သူ့ကို​စိုက်​ကြည့်​​နေ​​သောရှောင်းကျန့်​ကို မျက်​နှာငယ်​​လေးနှင့်ြ​ကည့်​ပြီး တိုးတိုး​လေး​ပြောလာသည်​။

လက်​​ဆောင်​ [လက်ဆောင်] CompletedWhere stories live. Discover now