part_19

8.6K 1K 54
                                    

Jungkookစကားးကြောင့်Seokjinတစ်စုံတစ်ခုကို
ဒေါသထွက်သွားတဲ့ဟန်…Jungkookလက်ကို
ဆောင့်ဆွဲပြီး…အနောက်ဘက်နေကြာခင်းထဲသို့ဆွဲခေါ်
သွားသည်

''မင်းက…ဝက်ဝံလေးရဲ့ချစ်သူပေါ့…ဟုတ်လား…''

တစ်ချက်ထည်းပူထူသွားတဲ့လက်သီးချက်နဲ့အတူလူကယိုင်ကနဲ…

''မင်းကသူ့ချစ်သူဆိုရင်…သူတစ်ကယ်ဒုက္ခရောက်နေတဲ့အချိန်မင်းဘယ်ရောက်နေလဲ…မင်းချစ်သူကကားတိုက်ခံရပြီးအရှင်လတ်လတ်မြေမြှပ်ခံရဖို့…နည်းနည်းပဲလိုတော့တယ်ကွ…''

ဒီတစ်ခါတော့…Seokjin ရဲ့ကော်လံစကိုJungkook
လှမ်းဆွဲလိုက်သည်

''ဟုတ်တယ်…အဲ့နေ့တုန်းကပြသနာတစ်ခုကြောင့်သူ့ကို
ကျွန်တော်ထားခဲ့တယ်…အခုခင်ဗျားပြောတဲ့ကားတိုက်ခံ
ရတာတွေ…မြေမြှပ်ခံရတာတွေကို…ကျွန်တော်ဘာမှမသိခဲ့ဘူး…နောက်ပြီး…ကျွန်တော်ရောမခံစားရဘူး…ကျွန်
တော်ကရောအရမ်းပျော်နေတယ်လို့ထင်လား…ကျွန်တော်
သူ့ကိုရူးမလိုရှာခဲ့ရတာ…အရမ်းနာကျင်ခဲ့ရတာ…တစ်ရက်မှအိပ်မပျော်ပဲအရူးလိုစိတ်ပူခဲ့ရတာတွေရော…ခင်ဗျားသိလား…''

ဝမ်းနည်းမူ့ပူဆွေးမူ့ရောယှက်နေသောJungkook
နူတ်ခမ်းများသည်ခံစားချက်အမှန်ကြောင့်တုန်ရီလို့…
Seokjin ကော်လံပေါ်ကလက်အားပြန်ရုတ်သိမ်းကာ
Seokjinအားပြန်လည်ထွေးဖက်ထားသည်

''ကျေးဇူးပါ…Taehyungကိုစာင့်ရှောက်ပေးလို့…နောက်ပြီး…Taehyungရဲ့အသက်ကိုကယ်တင်ပေးခဲ့လို့…
Taehyungပဲဖြစ်ဖြစ်ဝက်ဝံလေးပဲဖြစ်ဖြစ်အဲ့သက်ရှိ
လေးရဲ့ဖြစ်တည်မူ့ကိုဆက်လက်ထိန်းသိမ်းပေးခဲ့လို့…''

နာကျင်လို့ကျတဲ့မျက်ရည်…လိုက်လှဲစွာဆိုလာသော
Jungkookရဲ့ရင်ဘတ်ထဲကကျေးဇူးတင်စကား…ချက်ချင်သူ့နှလုံးသားငယ်မှာပွင့်တဲ့ပန်းလေးက…တခြားသူ
ခူးယူသွားတဲ့အဖြစ်မျိုး…ဟိုးအမြင်ကြီးရောက်ကာနီးမှမြေ
ပြင်ကိုအရှိန်နဲ့ပြန်ကျသလိုမျိုး…

''Hyungက…အဲ့ကိစ္စတွေသိရင်…ကျွန်တော့်ကိုပြော
ုပြပါလား…တရာခံကဘယ်သူလဲ…Hyungသိလား…''

JungkookမေးသောအဖြေကိုSeokjinမပြောနိုင်
သူအတွက်မဟုတ်ပေမဲ့…အဖိုးအတွက်အန္တာရာယ်ရှိသည်
အဖိုးတစ်ခုခုလွဲချော်တာ…အခုလိုလုပ်နေတာတွေကို
Hanတွေသိလို့ကတော့…အသက်ချမ်းသာပေးမည်
မဟုတ်…

My lovely JEON (My SeniorS2)(Complete)Where stories live. Discover now