Part_5

11.1K 1.2K 28
                                    


Zawggi

ချစ်တယ်…ခင်ဗျားရဲ့ဘာအရောင်မှမတင်မဆိုးထားတဲ့
မဟူရာဆံသားတွေ…ချစ်တယ်…ကြယ်လေးတွေလင်း
နေသလိုတောက်ပတဲ့မျက်ဝန်းတစ်စုံ…ချစ်တယ်…
ဒီအတိုင်းလေးသွေးရောင်လွှမ်းနေတဲ့…နူတ်ခမ်းတစ်စုံ
နောက်ပြီးမြတ်နိုးတယ်…နူတ်ခမ်းအောက်ကမှဲ့နက်လေးတစ်စုံ…အဲ့ဒီချစ်မြတ်နိုးမူ့တွေပေါင်းစုံရာ…
Jeon Jungkookဆိုတဲ့ခင်ဗျား

ခင်ဗျားဟာလေ…ကျွန်တော်အတွက်မူးယစ်ဆေးနဲ့တူတယ်…ရုန်းထွက်ဖို့ခက်ခဲလေရဲ့…တစ်နေကုန်တစ်နေခမ်းအိမ်ထဲမှာဟိုလှည့်ဒီလှည့်နဲ့ပင်အချိန်ကုန်မိသည်…
စနေတနေင်္ဂနွေကျောင်းပိတ်ရက်ဆိုပေမဲ့လည်းအပေါင်းအသင်းမဲ့သော…Taehyungလိုလူမျိုးအတွက်…ဘာမှထူးမနေ…လောလောလတ်လတ်အသဲကွဲထားတယ်ဆိုပေမဲ့အမျိုးမျိုးအဖုံဖုံသောဝေးကွာခြင်းအ
ျကြာင်းတရားတွေကိုနားလည်အောင်သင်ပေးခဲ့ဖူး
သူမို့လို့လည်း…သူနှလုံးသာဒဏ်ခံနိုင်ရည်ရှိလာသည်

ချစ်သွားအောင်ပြု စားသည်
လွတ်တတ်အောင်သင်ပေးသည်
ကိုယ့်ကိုမျက်ရည်များနဲ့ပြုံးစေသည်
Jungkookဆိုသည်မှာ…Taehyungအား
အမျိုးမျိုးသောခံစားချက်ပေါင်းစုံခံစားနားလည်တတ်
အောင်သင်ပေးသူ

''ကိုကိုလေး…''

အခန်းတံခါးဖွင့်ဝင်လာတဲ့အိမ်အကူအဒေါ်ကြီးကြောင့်
Taehyungတစ်ယောက်အပြင်ကိုငေးနေရင်းမှအသက်ဝင်လာသည်

''ဘာ…ကိစ္စရှိလို့လဲ…အဒေါ်…''

''အောက်ထပ်မှာဧည့်သည်ရောက်နေလို့…''

ဒီနေ့…အဖေရောအမေရောအိမ်မှာရှိမနေပါ…
အလုပ်ကိစ္စတစ်ခုနဲ့အပြင်ကိုလင်မယားနှစ်ယောက်လုံးထွက်သွာသည်…Taehyungကိုလိုက်ဖို့ခေါ်ပေမဲ့လည်းTaehyungကိုယ်တိုင်ကအဲ့လိုအပြင်သူစိမ်းတွေနဲ့နေသားမကျတတ်တာကြောင့်လိုက်မသွားဖြစ်ခဲ့
အိမ်မှာသာကျန်ခဲ့သည်

'အင်း…ဒေါ်လေး…ကျွန်တော်ဆင်းလာခဲ့မယ်…''

လူ့ဝတ္တရားအရတော့…Taehyungငယ်ကမရိုင်းစိုင်းတတ်…ဒါကြောင့်မို့ဧည့်သည်ကိုဧည့်ခံရန်ဆံပင်ကိုသေချာအကျအနပြန်ဖြီးကာ…သပ်သပ်ရပ်ရပ်ပြင်ဆင်လိုင်သည်…အောက်ထပ်ကိုပြေးဆင်းလာတော့လှေကား
ကိုကျောပေးကာထိုင်နေတဲ့ထိုလူ…သူ့ခြေသံကြားရော့ထင်…တစ်ချက်အနောက်သို့လှည့်ကြည့်သည်

My lovely JEON (My SeniorS2)(Complete)On viuen les histories. Descobreix ara