အခန်း - ၃ လူသန်ကြီး [အပိုင်း.၁]
2.8K 372 45
<ZawgyiVer>
ချီရွယ်အကြာကြီးမေ့မျောမသွားခဲ့။
ပြီးတော့ ကုတင်ပေါ်ရွှေ့ရွှေ့ချင်းပဲသတိရလာခဲ့သည်။
သူအရာရာကိုေ၀၀ါးနေတုန်းပင်။
ဆရာဝန်စမ်းသပ်နေချိန်၌သူ့ကိုလူတစ်အုပ်က၀န်ရံထားတာကိုမတင်မကျသိနေခဲ့သည်။
သို့သော် ဘယ်သူဘယ်ဝါဆိုတာရောအသံကိုပါမကြားသိနိုင်။
သူသိတာတစ်ခုကသူ့ခေါင်းဟာနာကျင်လွန်းလို့ပေါက်ကွဲတော့မလိုဖြစ်နေတာကြောင့်မျက်လုံးကိုနောက်တစ်ကြိမ်မှိတ်လိုက်ရုံမှတစ်ပါးမရှိတော့ပေ။
အဲ့အချိန်မှာပဲသူ၏အသိအာရုံဟာတဖန်ပြန်ပျောက်ကွယ်သွားခဲ့သည်ထင်၏။
သူတဖန်နိုးလာပြန်တော့ ဆရာဝန်မရှိတော့။
သို့သော်ထိုသူများက ရှိနေသေးသည်။
သရဲပူးသူကစိုးရိမ်တကြီးမေးသည်။
"ရှောင်းယွမ်¹ ဘယ်လိုနေသေးလဲ?"
ချီရွယ်¹ ဟာ ဒေါသမပြေသေး။
သူ့အသံကတိုးနေပေသိရွံရှာမှုအပြည့်ဖြင့်သာ။
"နှာဘူးကောင် ဘယ်မှာလဲ? ဒီကနေထွက်သွားဖို့ပြောလိုက်စမ်း!"
သရဲပူးသူ² က ပြောင်ချော်ချော်မျက်နှာဖြင့်လှည့်ကာ
"ကြားလား? ရှောင်းယွမ်ကထွက်သွားတဲ့!"
နင်ရှောင်း³ကတော့ မူလနေရာမှာပင်ရပ်နေသည်။
နေရာအနေအထားကြောင့် ချီရွယ်ဟာမျက်နှာဘေးဘက်ကိုသာမြင်ရသည်။
သူ ထိုယောက်ျား၏မျက်နှာမှာဘာပြောင်းလဲမှုမှမတွေ့သလိုဘာမကျေနပ်မှုမှလည်းမတွေ့။
သူဟာချီရွယ့်ကိုတစ်ချက်ငဲ့ကြည့်လိုက်ပြီးချာခနဲလှည့်ထွက်သွားလိုက်သည်။
အားလုံးကတော့ သူချီရွယ့်စကားနားထောင်တယ်ထင်လိမ့်မည်။
သို့သော်ချီရွယ်သာလျှင်သူ့မျက်လုံးတွေမှာရွံရှာမှုတွေကိုမြင်တွေ့ခဲ့သည်။
သူ့မျက်လုံးတွေကသူ သူ့ကိုနမ်းတုန်းကကြည့်ခဲ့တဲ့မျက်လုံးတွေနဲ့ထပ်တူကျနေခဲ့သည်။
သိပ်ရွံဖို့ကောင်းတဲ့အမှိုက်ပုံကြီးကိုကြည့်တဲ့အကြည့်မျိုးပေါ့။
ငါ-ိုး ...! ချီရွယ် ပို၍ပင်ဒေါကန်လာသည်။
မွေးရာပါနှလုံးရောဂါနဲ့မွေးလာခဲ့တာတောင်သူ့ကိုယ်သူအသုံးမကျသလိုတစ်ခါမှမတွေးခဲ့ဖူးစလိုဘယ်သူမှလဲထိုသို့မျက်လုံးများနှင့်သူ့ကိုမကြည့်ခဲ့ကြ။
သူ ခန္ဓာကိုယ်ပိုင်ရှင်အစစ်ကိုရည်ရွယ်မှန်းသေသေချာချာကိုသိသည်။
သို့သော် ဒီနေ့ကိစ္စတော်တော်များများဖြစ်ပျက်ပြီးတဲ့နောက်မှာတော့သူ ထိုသူ့ကိုမနှစ်မြို့မှုတွေက ပို၍ပင်များမြောင်လာသည်။
သူ့ဆုံးဖြတ်ချက်ကတော့ အနာဂတ်မှာမည့်သို့ပင်ထိုသူနှင့်ပက်သက်ဆက်နွယ်သည်ဖြစ်စေ၎င်းနဲ့တော့ရင်းနှီလာမည်မဟုတ်ဟုသာ။