အခန်း - ၄ စစ်မှန်ခြင်း [အပိုင်း - ၂]
1.6K 301 28
Zawgyi
သူနာပြုဆရာမ​လေးမှာချက်ချင်းပဲမျက်နှာဖြူ​ဖျော့ကာလူနာ​ဆောင်ထဲမှမြန်မြန်ထွက်​ပြေးသွား​လေသည်။
သူမတံခါး​ပေါက်မှာခလုတ်ပင်တိုက်မိကာသိသိသာသာကြောက်​နေခဲ့၏။
ရီဟန် တံခါးကိုကြည့်ကာအားရဝမ်းသာစွာနှင့်ခပ်တိုးတိုး​လေး​​ပြောသည်။
"မင်းတို့ငါ့ကိုမ​ပျော်​အောင်လုပ်ရဲမှ​တော့မင်းတို့ကို​သေ​အောင်​ခြောက်လှန့်ပြစ်မယ်"
ချီရွယ် ရယ်ကာ ၊
"ခင်ဗျားပဲဒါမျိုးစဉ်းစားတတ်တယ် ...
စိတ်ပညာဆိုင်ရာဌာနထပ်သွားရမှာ​မ​ကြောက်ဘူးလား?"
ရီဟန် တစ်​ယောက်မှိုင်ကျသွားပြီး ၊
"........ဒါမျိုးမဖြစ်​တော့ပါဘူး ဟုတ်တယ်ဟုတ်?"
ချီရွယ် စဉ်းစားမိတာက ဒီလူဟာ အနည်းငယ်​လောက်တုံးသည်ဟု။
"ခင်ဗျား ဘာလို့လွတ်လာတာလဲ?"
ရီဟန် ဝမ်းနည်းစွာပဲအကူအညီ​တောင်းသည်။
"ငါတို့ ဒါကိုထပ်မ​​ပြောလို့မရဘူးလား?"
ချီရွယ် ခြိမ်း​ခြောက်ဟန်ဖြင့် ၊
"ကျွန်​တော်သူနာပြုဆရာမ​လေးကိုခင်ဗျားထပ်​နေမ​ကောင်းပြန်ဘူးလို့အချိန်မ​ရွေးပြောနိုင်တယ်​နော်"
"......"
ရီဟန် ငိုသံပါဖြင့် ၊
"မင်းက​တော်​တော်ရက်စက်တာပဲကွ"
သူတစ်​ယောက်​ဆွေး​ဆွေး​မြေ့​မြေ့ပြန်​ဖြင့်ဖြစ်​ကြောင်းကုန်စင်​ပြောပြသည်။
"ငါလည်းတည်ငြိမ်သွား​ရောစိတ်​ရောဂါကုအ​ဆောင်ထဲကို​ရောက်​နေပြီ ....
ငါလည်းရုန်းရင်းဆန်ခတ်လုပ်​ရော ....
ဆရာဝန်နဲ့သူနာပြု​တွေထပ်ဝင်လာကြတယ်​လေ...
အဲ့မှာငါ့မိသားစုဝင်ထဲမှာ​နောက်တစ်ယောက်ထပ်​ရောက်လာတယ်ကွာ ..
သူကတစ်ချက်တည်းကြည့်ရုံနဲ့ လူကုံထန်အသိုင်းအဝိုင်ထဲက​အောင်မြင်​နေတဲ့သူမှန်းသိသာတယ်ကွ ..
ပွင့်ပွင့်လင်းလင်း​ပြောရရင် သူက ကိုပြည့်စုံ¹ လို့​ပြောရမယ် – ချမ်းသာတယ် အရပ်ရှည်တယ် ​ရုပ်သန့်တယ်....
သူက ​ဆေးပညာဆိုင်ရာသ​ဘောတရားကြီးကိုကိုင်ပြီးတည်တည်ငြိမ်ငြိမ်ပဲဆရာဝန်​တွေ သူနာပြု​တွေကို​​ပြေည​နေတာ ...
ငါက​ခေါင်းကိုထိသွားနဲ့အပြင်​ကောင်း​ကောင်းလဲသတိမရ​သေးဘူးတဲ့ ​ခေါင်းကိုထပ်ရိုက်လိုက်ရင်​တော့သတိရ​ကောင်းရနိုင်တယ်ဆိုပဲကွာ ...."