Chapter(6)

10.1K 1.3K 20
                                    

Unicode

Part(6)

မိုးရွာနေပြန်ပြီ...

ကျွန်တော်ကောင်းကင်ကို မော့ကြည့်လိုက်တယ်....အဲ့ဒါက နက်မှောင်နေတဲ့ တိမ်တိုက်တွေနဲ့ ပြည့်နှက်နေပြီး သည်းကြီးမည်းကြီးကို ရွာချနေတာပဲ...ကျန်တော်လက်ကို ဆန့်ထုတ်လိုက်တော့ မိုးရေစက်တွေက ကျွန်တော့လက် တစ်ခုလုံးကို ရွှဲရွှဲစိုသွားစေတယ်။ မိုးရေက ပြင်းထန်လွန်းလို့ကျွန်တော့ လက်တစ်ခုလုံးတောင် ထုံကျင်နေသလိုပဲ...။ မြောက်ပိုင်းအင်ပါယာမှာလည်း မိုးရေစက်ကြီးတွေရှိတာပဲကိုး..

ကျွန်တော်ကအဲ့ဒီလိုပဲ ရူးကြောင်ကြောင်တွေ တွေးတတ်တယ်။ အဲ့ဒီမိုးရေစက်တွေကို ကြည့်နေရင်းနဲ့ ကျွန်တော် တံတိုင်းမွှေးပန်းလေးတွေကို တွေ့ချင်လာမိပြန်ပြီ။ အဲ့ဒီမိုးရေစက်တွေကြောင့် ပန်းပွင့်လေးတွေရဲ့ ပွင့်လွှာလေးတွေကို ပျက်စီးစေမိရင် ဘယ်လိုလုပ်မလဲ...။ ကျွန်တော်မိုးတွေကိုသဘောကျပါတယ် ဒါပေမဲ့ ပန်းပွင့်လေးတွေ ပျက်စီးမှာကိုတော့ မဖြစ်စေချင်ဘူး...။

မြောက်ပိုင်းအင်ပါယာ တစ်ခုလုံးက မိုးကြောင့် ပိုပြီး အေးစက်နေတယ်။အဲ့ဒါက ကျွန်တော့နှာခေါင်းထိပ်တွေကို ထုံကြင်အေးစက် စေပေမယ့် လန်းဆန်းမှုကိုလည်း ခံစားရစေတယ်လေ။ လေအေးအေးလေးကို ရှူရှိုက်ရတာက ကျွန်တော့ကိုပိုပြီး ခံစားလို့ကောင်းစေသလို စိတ်ကိုလည်း ပိုပြီးကြည်လင် လန်းဆန်းလာစေတယ်...။ ကျွန်တော်ခဏတစ်ဖြုတ်တော့ တံတိုင်းမွှေးပန်းလေးတွေကို စိတ်ပူနေတာ ရပ်လိုက်ပြီး ခန္တာကိုယ်ကအပြင်ကို ပိုပိုပြီး ထွက်သွားနေမိတော့တယ်...ကျွန်တော် အင်္ကျီလက်စကို မလိုက်ပေမဲ့ အဲ့ဒါက ပိုပိုပြီးစိုစွတ်လာတယ်။ ကျွန်တော် ဂရုမစိုက်ပါဘူး...ကျွန်တော့လက်နဲ့ လက်မောင်းတွေ စိုစွတ်လာတဲ့ ခံစားချက်ကိုသဘောကျတယ်လေ...

"ငါအခုလေးပဲ ဝင်လာကြည့်တယ်...မင်းကတော့တကယ်ပဲ......."

ကျွန်တော် အသံတိုးတိုးလေး ကြားလိုက်လို့ လက်ကို အမြန်ရုတ်ပြီးအင်္ကျီနဲ့ လက်တွေကို သုတ်လိုက်ရတယ်...

(Completed) YehoWhere stories live. Discover now