1.

7.8K 477 28
                                    

"ဖယ် ! "

ရှေ့ကနေ ကန့်လန့် ကန့်လန့်ကာနေသော ဂျောင်ဂုကို ဂျီမင်း ဆောင့်အောင့်အောင့်နှင့် အော်လိုက်သည်။

"ဟုတ်တယ် ဖယ်"
ဂျီမင်းနောက်က သံယောင်လိုက်၍ လိုက်ထောက်ခံပါသော ထယ်ယောင်း။သို့သော် အသံလေးက ပိစိလေးသာထွက်လာ၏။ ထို့ပြင် ဂျီမင်း၏ အင်္ကျီကိုပါ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသေးသည်။မည်မျှပင်ထယ်ယောင်းကြောက်တက်စေကာမူ ဂျီမင်းနားတွင်တော့ ထယ်ယောင်းက သတ္တိရှိဟန်ဆောင်တက်၏။

"ဘာလို့ငါက ဖယ်ပေးရမှာလဲ"

ကြွက်သားတွေပေါ်နေသည့် လက်နှစ်ဘက်ကို ပိုက်ရင်း ခပ်ငေါ့ငေါ့လေးပြန်မေးလာပါသော ကျောင်း၏ playboyကြီး ဂျွန်ဂျောင်ဂု။

နှစ်ဖက်အခြေအနေကို သိသော ဂျောင်ဂုသူငယ်ချင်း ဟိုဆော့က ခပ်စစပြုံးသည်။

"ok ငါတို့ ဟိုနားကခုံမှာသွားထိုင်ရအောင်။ခဏနေ ဒီနှစ်ရဲ့ Romantic dramaဇာတ်ကားကြီးကို မျက်ဝါးထင်ထင်ကြည့်ရတော့မယ်။ "

သူတို့ နှစ်ဖွဲ့လုံးအတွက် ဒီလိုအခြေအနေက ရိုးအီနေပြီဖြစ်သည်။ ဂျောင်ဂုနှင့် ဂျီမင်းသည့် မတွေ့လိုက်နှင့် တွေ့လိုက်သည်နှင့် ထသတ်တက်တာ သူတို့အားလုံးအသိပင်။

"ဖယ်လို့ ပြောနေတယ်လေ"

ဂျောင်ဂု မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း
ဂျီမင်း ထပ်အော်လိုက်သည်။

နှစ်ယောက်လုံးက လျော့ပေးမည့်ပုံမပေါ်။ကျောင်း Hallwayကြီးမှာ နေရာအကျယ်ကြီးဖြစ်သောလဲ သူတို့နှစ်ယောက်ကတော့ နေရာမှ တစ်လက်မမျှမရွေ့ပဲ ရန်မူနေကြသည်။

ဂျောင်ဂု ဂျီမင်း မျက်လုံးတွေကို စူးစူးရဲရဲ စိုက်ကြည့်နေမိသည်။ သူအလျော့မပေးချင်ပါ။ ဒီလို မခန့်လေးစားလုပ်တက်လွန်းသည့် ဆန်မုန့်လုံးလေးကို ဒေါသထွက်အောင်စရတာ သူသိပ်ပျော်သည်လေ။

နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်စိုက်
ကြည့်စဲ။သို့သော် စိုက်ကြည့်ရာတွင် ဂျောင်ဂုက အရပ်မြင့်သည့်အတွက် ဂျီမင်းခင်ဗျာ မော့၍ ကြည့်ရရှာသည်။

I Hate You,I Love YouTempat cerita menjadi hidup. Temukan sekarang