3.

3.2K 329 70
                                    

နေ့လည်စာ စားချိန်  ...။

ဂျီမင်း အတော် ဗိုက်ဆာနေပြီ ။တဂွီဂွီ မြည်နေတဲ့ဗိုက်ကို ပွတ်ရင်း ပိုက်ဆံအိတ်ကိုဖွင့်လိုက်တော့ ဗလာနတ္ထိ ... လုံးဝ zero ...။

ဂျီမင်း တစ်ကိုယ်တည်း ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့သည်မှာ 2နှစ်ပင်ရှိပြီဖြစ်သည် ။ မိသားစုဆိုသည့် သွေးသားရင်းချာတွေရှိသေးပေမယ့် သူgayဆိုတာ သိပြီးနောက်ပိုင်း အဖေရင်းဖြစ်သူကိုယ်တိုင်က သူ့အားအိမ်မှနှင်ချခဲ့သည် ။ အမေကတော့ သူ့အားငွေကြေးထောက်ပံ့ပေးရှာသည် ။ လတိုင်း ငွေအနည်းငယ်ပို့ပေး၏။ သို့သော်လဲ ထိုမျှနှင့် သူ မလောက်ငှပါ ။ ထို့ကြောင့် သူ့အသုံးစရိတ်ကာမိစေရန် ညဘက်တွေဆို Barမှာ စားပွဲထိုးဝင်လုပ်နေရသည် ။

ဒီနေ့ နေ့လည်စာ စားချိန်ကို အရိပ်ကောင်းသည့် သစ်ပင်အောက် စာဖတ်ရင်းသာ ကုန်ဆုံးစေသည် ။ ဒီနေရာလေးက ကျောင်းကန်တင်းကို သူမသွားဖြစ်တဲ့ အခါတိုင်း လာနေဖြစ်တက်တဲ့နေရာလေးဖြစ်သည် ။ ဒီလိုချိန်မှာ သူ့ သူငယ်ချင်း၂ယောက် ကိုလဲ အပူမကပ်ချင်ပါ ။

" အား ...တကယ် ဗိုက်ဆာနေပြီ ။ "

ဂျီမင်း တဂွီဂွီ မြည်နေသည့် ဗိုက်လေးကို ပွတ်သတ်နေမိသည် ။ ဗိုက်ဆာနေ၍ ဖတ်နေသည့် စာအုပ်ကိုလဲ သူအာရုံ မစိုက်နိုင်တော့ ။

" မင်း အတွက် .."

ရုတ်တရတ် ရှေ့သို့ရောက်လာသည့် ပေါင်မုန့်ထုပ်လေးကြောင့် ဂျီမင်းလန့်သွားရသည် ။ ပေါင်မုန့်ထုပ်လှမ်းပေးသူအား ဂျီမင်းမော့ ကြည့်လိုက်သည် ။

" ထယ် ... "

ပေါင်မုန့်ထုပ်အား သူ့ကို လှမ်းပေးရင်း ထယ်က သူ့ကိုပြုံးပြသည် ။

" ကန်တင်းကို ငါတို့နဲ့အတူ မလိုက်လာကတည်းက မင်းတစ်ခုခုဖြစ်နေပြီ ထင်ပြီးသား ။ ဘာလို့ ငါတို့ကို မပြောတာတုန်း ။ "

ဂျီမင်း အကြောင်းကို ထယ်နဲ့ နမ်ဂျွန်း ကောင်းကောင်းသိသည် ။ ဂျီမင်းက သူငယ်ချင်းတွေအား ဒုက္ခပေးချင်သူမဟုတ် ။ တစ်ခုခုဆို မြုံနေတက်ပြီး တစ်ခုခု သူလိုအပ်နေရင်တောင် သူ့ဘာသာ ကြိုးစားဖြေရှင်းတက်သူဖြစ်သည် ။

You've reached the end of published parts.

⏰ Last updated: Aug 09, 2020 ⏰

Add this story to your Library to get notified about new parts!

I Hate You,I Love YouWhere stories live. Discover now