2.

3K 346 25
                                    

" နားကို မလည်နိုင်ဘူး ။ ဘာလို့များ ကောင်မလေးတွေအားလုံး အဲ့ကောင်မှ အဲ့ကောင် ဖြစ်နေကြ
ပါလိမ့်။"

ထိုစကားများသည် ဂျီမင်းတစ်ယောက် ဘောလုံးကွင်းလယ်က ဂျွန်ဂျောင်ဂုကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။ ယခုသူတို့ ရောက်နေသည့်နေရာက ကျောင်းအားကစား ဘောလုံးကွင်းတွင်ဖြစ်၏။ ကွင်းအတွင်း မိန်းကလေးပရိသတ်များ ပါးစပ်မှထွက်လာသော ဂျွန်ဂျောင်ဂု၏ နာမည်အား ဂျီမင်း နားနဲ့မဆံ့အောင်ကြားနေရသည်။
ဂျီမင်း ဘောလုံးကွင်းသို့ရောက်နေရခြင်းမှာ ဘောလုံးပွဲကြည့်ချင်၍မဟုတ် ကင်ထယ်ယောင်း၏ ဆွယ်တရားဟောမှုများကြောင့် ဖြစ်သည်။ ဒင်းက သူ့Crushလေး ဘောလုံးကစားတာကို သိပ်ကြည့်ချင်လွန်း၍ သူ့ပါ အပါခေါ်ခြင်းဖြစ်၏။

" ကိုကို ဂျောင်ဂု!!! ကိုကိုက အရမ်းချောတာပဲ "

" ဂျောင်ဂု!! ကစားတာအရမ်းတော်တာပဲ "

" ရှင့်ကိုချစ်တယ် ဂျွန်ဂျောင်ဂု!! "

" ချောတယ်...၊ ဘယ်နားကလဲ.. ။ ဒီလေါက် နှာပွပြီး နှာခေါင်းကြီးတဲ့ကောင်ကိုများ ။ "

ဂျီမင်းတစ်ယောက် ဘောလုံးပွဲတစ်လျှောက်လုံး မျက်စောင်းတခဲခဲနှင့် ပွစိထိုးနေ၏။

" ယုံကိုမယုံနိုင်ဘူး မျက်စိရှိလို့သာ မြင်နေရတာ ဒင်းလိုအကောင်မှာ ဘာလို့များ Fanတွေများနေပါလိမ့်။"

"ပတ်ဂျီမင်း ! နဲနဲလေး တိတ်တိတ်နေပေးလို့မရဘူးလား ၊ ဒီမှါ ငါပွဲကို အာရုံစိုက်လို့မရဘူး ။ "

သည်းမခံနိုင်တော့သည့်အဆုံး ထယ်ယောင်းထပြောမိတော့သည်။

ဟုတ်သည်လေ..။ ပွဲစဥ်တစ်လျှောက်လုံး ဂျောင်ဂုအတင်းပဲ ထိုင်တုပ်နေတာ ကြာတော့ သူလဲနားညီးလာပြီ။

ဘေးကနမ်ဂျွန်းကတော့ တကျက်ကျက်ဖြစ်နေသည့် သူ့ဘေးကနှစ်ယောက်ကိုကြည့်ရင်း ပြုံးစိစိဖြစ်လို့ ။

ဂျီမင်း ထယ်ယောင်းနဖူးအား ဖြတ်ရိုက်လိုက်ရင်း...
"ဘယ်သူက ဒီလိုပျင်းဖို့ကောင်းတဲ့ပွဲကို ငါ့ကိုလာကြည့်ခိုင်းတာလဲ ပြောစမ်းပါ ။ "

I Hate You,I Love YouWhere stories live. Discover now