Unicode &Zawgyi
(Zawgyi )
"...."
ဟူရှောင်မန် စကားမဆိုမိ.... သူ့ထံသို့ လျှောက်လှမ်းလာသူကိုသာ ကြည့်နေမိသည်....
ကောင်းကင်ပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံနွယ်တို့ကို နောက်တွင် ကျောက်စိမ်း ဆံထိုး တစ်ချောင်းဖြင့် ခပ်လျော့လျော့
ထုံးဖွဲ့ထားသည်...နှစ်လိုဖွယ် အသားအရေမှာ ကောင်းကင်ပြာရောင်နှင့် ပနံသင့်လှသည်...
ဟူရှောင်မန် မျက်နှာ မလွှဲပဲ ထိုသူ့ကို အားမနာတမ်း စိုက်ကြည့်နေမိသည်....တစ်ဖက်သူက ဟူရှောင်မန် ၏ အကြည့်တို့ကို ခံစားမိသည် ထင်သည်...ထိုသူ၏ နှုတ်ခမ်း တို့က ကော့ညွှတ်သွားသယောင်... ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံ က အကြည့်မလွဲနိုင်အောင်ဖြစ်စေသည်....
"ဒီမှာ ဆေးသောက်ဖို့ ပြင်ပေးထားတယ်...."
ထိုသူက ပြောလိုက်သည်....
"မိန်းကလေးက ဘယ်သူ လဲ...."
ဟူရှောင်မန် ထိုအခါမှ အသိဝင်ကာ မေးသင့်နေသော မေးခွန်းတစ်ခုကို မေးလိုက်သည်...
"အမ်..."
တစ်ဖက်က ထိုမေးခွန်းကို ဖြေစရာ ပျောက်ရှနေသည့်ဟန်ပင်...
"သူတို့နဲ့ အတူတူပဲ လား..."
ဟူရှောင်မန် မျက်မှောင် ကြုပ်ပြီး မေးလိုက်သည်.....
"ဘာကို သူတို့လဲ...."
"လုပ်ကြံသူတွေ...."
"အာ ...ဘယ်လို တောင် ကျေးဇူးကန်းတဲ့ သူလဲ....အဲ့ဒါကြောင့် ဆရာဖိုးဖိုးက ခြေနှစ်ချောင်း မကယ်ကောင်းလို့ ပြောတာကို...."
"မိန်းကလေး ....မင်း စကားလမ်းကြောင်း မလွှဲသင့်ဘူး..."
"မျက်လုံးလည်း ထိခိုက်ထားတာကို...
သနားစရာပဲ... ""....."
ဟူရှောင်မန် ပြောစရာ မဲ့သွားသည်....
"အရင်ဆုံး ခင်ဗျားသိသင့်တာက ကျွန်တော်က မိန်းကလေး မဟုတ်ဘူး..ယောကျာ်းလေး...ဒါကြောင့် မိန်းကလေးလို့ ခေါ်နေတာ ရပ်တော့...."
"ဟမ်...မဖြစ်နိုင်တာ.... ဒီလောက်ချောမော ပြေပြစ်လှတာ...မိန်းကလေး မဟုတ်ဘဲ ယောကျာ်းလေး လား....ယောကျာ်းလေး တစ်ယောက်က ဒီလောက်ချောမောလှပနိုင်လို့လား..."
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...