Unicode&Zawgyi
(Zawgyi )
"Yi Bo မိန်းကလေး ဝမ်ရှု က ဘာဖြစ်တာလဲ... "
Wang Yi Bo အခန်းထဲ ရောက်ရုံရှိသေးသော်လည်း...Xiao Zhan သိချင်စိတ်ကို မထိန်းနိုင်....
"မိန်းကလေးယွဲ့ ဆီက ပြတ်စဲ စာ ပို့ခဲ့တယ်.... "
"မဖြစ်နိုင်တာ.... "
"ကျွန်တော်လည်း Xiao Zhan တွေးသလို မဖြစ်နိုင်ဘူးလို့ ထင်မိတယ်.... "
"အကြောင်းတစ်ခုခု ရှိနေတာ မဖြစ်နိုင်ဘူးလား..."
"ကျွန်တော် လူလွှတ်ထားတယ် မကြာခင် တစ်ခုခု သိရမှာပါ...."
"သခင်.... သခင်.."
ဟူရှောင်မန်သည်ကား အလောသုံးဆယ် နိုင်လျှက်...
"ဘာဖြစ်ပြန်ပြီလဲ....အခုမှ ထိုင်ရုံရှိသေးတယ်လေ."
"သခင်မလေးဝမ်ရှု အိမ်တော် ကနေ အတင်းထွက်သွားတယ်...."
"ဟူး....ဒီကောင်မလေးကတော့...."
Wang Yi Bo သက်ပြင်းချလိုက်သည်....
"ရှောင်မန် ရှုအာ နောက်ကနေ အရိပ်အဖွဲ့ဝင် အချို့ ထည့်ပေးလိုက်..သူမသိစေနဲ့... မဟုတ်ရင်
သူမင်းတို့ကို လမ်းတစ်ဝက်မှာတင် လှည့်စားပြီး ခြေရာ ဖျောက်သွားလိမ့်မယ်....""ဟုတ်ကဲ့...."
ဟူရှောင်မန်...သူ၏ လက်အောက်က အရိပ်အဖွဲ့ဝင်၅ယောက်ကို ဝမ်ရှု မသိစေပဲ နောက်ကွယ်ကနေသာ တိတ်တဆိတ် စောင့်ရှောက်ရင်း လိုက်ပါစေခဲ့သည်.....
ဝမ်ရှု ၏ ဦးတည်ရာကား မြောက်ပိုင်းပြည်နယ် ပင်...
သူလက်မခံနိုင်.....သူ့ကို ကစားစရာ တစ်ခုလို သဘောထားနေသည့် အနှီ မိန်းကလေးကို သူကိုယ်တိုင် သွားတွေ့ရမည်....သူလမ်းခရီးတွင် လုံးဝမနားပေ.....မြင်းကို အစားအသောက် ကျွေးပြီးရေတိုက်သည့်အချိန်မှ အပ ရပ်နားခြင်းမရှိ....သုံးရက်ကြာ မြင်းကို ဒုန်းဆိုင်း ပြေးစေပြီးနောက်တွင် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာခဲ့သည်....
ဝမ်ရှု ယခင်က ကြားခဲ့ ဖူးသည်မှာ မြောက်ပိုင်းပြည်နယ်သည် စီးပွားရေး အချက်အချာ ကျသည့် ပြည်နယ် ဖြစ်သည့်အတွက် ကုန်သည်များက ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်ဟုပင်....
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...