Unicode&Zawgyi
(Zawgyi )
"ထန်းရှီးဂိုဏ်း..... ဘာလို့ ထန်ရှီးဂိုဏ်းက ယွီဝမ်ယွဲ့ လက်အောက်မှာ ဖြစ်နေရတာလဲ....."
Wang Yi Bo တိုးညှင်းစွာ ရေရွတ်လိုက်သည်....
"Hk....ငါ့ဖခမည်းတော်က ပေးခဲ့တာ ရာဇ ပုလ္လင်တစ်ခုတည်းမဟုတ်ခဲ့ဘူးလေ....."
"ထန်းရှီးဂိုဏ်း ရှိနေတာနဲ့ မြူ နှင်းစံအိမ် ကို ချုပ်ကိုင်နိုင်ပြီ ထင်နေတာလား....."
"ချုပ်ကိုင်နိုင်ဖို့လား....ဟင့်အင်း...ငါဧကရာဇ် ကမင်းဆိုတဲ့ Wang Yi Bo ကို သတ်နိုင်ရင်ရပြီ...."
"ဆုတောင်းမပြည့်မှာပဲ ကျွန်တော် စစ်ဟန် စိုးရိမ်မိပါတယ် ဧကရာဇ်...."
"အစ်ကို ဟန်...."
Xiao Zhan စစ်ဟန် လိုက်လာမည်လို့မထင်ထားခဲ့ပေ...
"Xiao Zhan ဆေးရည်ကန်ထဲက အချိန်မပြည့်သေးဘဲ ထွက်သွား တာရဲ့ အကျိုးဆက်ကိုသိလား...."
"ကျွန်တော် တောင်းပန်ပါတယ်..... အစေခံတွေဆီက ဒီသတင်းကို
ကြားရတော့ ကျွန်တော် မတတ်သာဘဲ... ""ထားလိုက်...ထားလိုက်တော့... "
"ရောက်လာတဲ့ သူက ဘယ်သူမှန်းမသိပေမယ့် သတ်ပေးရမယ့် လူတစ်ယောက် တိုးလာတယ်လို့ပဲ ယူဆလိုက်ပါမယ်.....ဂိုဏ်းချုပ် လျှို .....သူတို့အားလုံး သေတာ လိုချင်တယ်....."
"ကောင်းပါပြီ...အရှင်....
ဒီကျွန်က အရှင့်စိတ်တိုင်းကျ ဖြစ်စေရပါ့မယ်...."လျှိုထန်ဟိုင် ပြောပြီးသည်နှင့် ချက်ချင်း တိုက်ခိုက်လာသည်....တစ်ဖန် ပြန်၍ တိုက်ပွဲ မြေပြင်က ပြင်းထန် သွားပြန်သည်.....
လျှိုထန်ဟိုင်...Wang Yi Bo ကို ဦးတည် တိုက်ခိုက်လိုက်သော်လည်း စစ်ဟန်၏ လက်တစ်ချက် အဝေ့မှာ နောက်သို့ပြန်လည် လွင့်စင်သွားသည် ....
လျှိုထန်ဟိုင် သွေးတစ်လုတ် အန်လိုက်ရသည်....လက်တစ်ချက်သာ ဝေ့လိုက်သော်လည်း လျှိုထန်ဟိုင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားစေသည်.....
ဤ အခြေအနေ ကို ကြည့် ၍ ယွီ ဝမ်ယွဲ့ အလိုကျခြင်းမရှိတော့....ကိုယ်တိုင်ဝင်ရောက်
တိုက်ခိုက်လာသည်....
YOU ARE READING
Unexpected (completed)
Historical FictionXiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်တောင် သေပါစေ Xiao Zhan: ငါမင်းကို သတ်ရမှာ သိပေမယ့် မသတ်ရက်ဘူး မင်းကို ရွေးချယ်လို့ ငါသေရမယ်ဆိုရင်...