6

23.1K 1.2K 59
                                    

Zawgyi

"ရိပေါ်"

"ရင်"

Studioထဲသို့ဝင်ဝင်ချင်း ရိပေါ် ရင်ခွင်ထဲသို့အတင်းဝင်လာသော ကောင်လေးကြောင့်  ရှောင်းကျန့် အနောက်ကိုမသိမသာဆုတ်မိသွားသည်
ထိုကောင်လေးကဖက်ရုံတင်မက ပါးကိုပါလှမ်းနမ်းလိုက်တော့ ရှောင်းကျန့်မျက်နှာပျက်သွား၏

ဘာလဲဟ  ပိုင်စိုးပိုင်နက်နဲ့

"ရိပေါ်ကိုအရမ်းသတိရနေတာ
မင်းကော ငါ့ကိုသတိမရဘူးလား"

ရိပေါ်ရင်ခွင်ထဲမှပျစ်ချွဲချွဲပြောနေသောကောင်လေးကသောက်ရမ်းအမြင်ကတ်ဖို့ကောင်းတာမှန်ပေမယ့်  ချစ်ဖို့ကောင်းနေတယ်ဆိုတဲ့အချက်ကိုလဲ ရှောင်လွှဲလို့မရ
မဟော်ဂနီဆံပင်ရောင်နဲ့ ရိပေါ်ထက်အရပ်ခေါင်းတစ်ဝက်စာလောက်နိမ့်တဲ့ထိုကောင်လေးဟာ ရိပေါ်နဲ့ ဘယ်လိုများပတ်သက်နေပါသနည်း

"ရတယ်"

"အဟမ်း
ငါတို့ရှိတာကိုလဲသတိရကြပါအုံးကွ  မသိရင်ဆယ်နှစ်လောက်ကွဲနေကြတဲ့သမီးရည်းစားတွေကျနေတာပဲ
မတွေ့ရတာဖြင့် တစ်လတောင်မရှိသေးတာကို"

နောက်မှသူငယ်ချင်းများ၏ ပြောသံကြောင့် ရှောင်းကျန့်မက်မှောင်ကြုတ်မိသွားသည်
ထိုဆံပင်နီကြောင်ကြောင်နဲ့ကောင်လေးကတော့ ရိပေါ်ရင်ခွင်မှထွက်လိုက်၏

"ဘာဖြစ်လဲ  ငါကလွမ်းလို့ကို"

"ဒါနဲ့  ရိပေါ်  အဲ့တာဘယ်သူလဲ မိတ်ဆက်ပေးပါအုံး"

အားလုံးရဲ့အကြည့်က ရှောင်းကျန့်ဆီကိုရောက်လာတော့ ယဉ်ကျေးမှုအရ ရှောင်းကျန့် ခေါင်းငုံ့ပြလိုက်သည်
အားလုံးနှင့်အတူရှောင်းကျန့်ပါ ရိပေါ်ဖြေလာမည့်အဖြေကိုနားစွင့်နေ၏

"ဒါ ငါနဲ့တွဲနေတဲ့လူလေ  ငါ့ကောင်လေးပေါ့"

"ဘာ"
"ရိပေါ်  မင်း"

အားလုံးမှာရိပေါ်အဖြေကြောင့်တအံ့တသြဖြစ်နေကြချိန်

'ဒုန်း'

တံခါးကိုဆောင့်ပိတ်ပြီးထွက်သွားသောလီရင်ကြောင့်    အားလုံးအကြည့်က တံခါးဆီသို့

"ရိပေါ်   မြန်မြန်လိုက်သွားလေ"

သူငယ်ချင်းများကဝိုင်းပြောတော့
ရိပေါ် တံခါးဖက်ကိုတစ်လှည့် ရှောင်းကျန့်ကို တစ်လှည့်ကြည့်လိုက်သည်

DRUGS(COMPLETED)Where stories live. Discover now