13

19.3K 1.3K 24
                                    

Zawgyi

"ရိပေါ် ဘယ်သွားမလို့လဲ"

ညဖက်၁၂နာရီလောက်မှာအခန်းတံခါးဖွင့်တဲ့အသံကြောင့်ရှောင်းကျန့် မျက်လုံးများပွင့်လာသည်

"ကောနိုးသွားတာလား ဆောရီး"

"ဒီအချိန်ကြီးဘယ်သွားမလို့လဲ"

"ကျွန်တော် ဆိုင်ကယ်စီးချင်လာလို့"

"ဒီအချိန်ကြီးကို
ပြီးတော့ဒီလောက်မိုးရွာနေတာ"

"မိုးရေထဲမှာစီးချင်လို့"

ရှောင်းကျန့်ကုတင်ပေါ်မှဆင်းပြီး ရိပေါ်အနားသို့သွားလိုက်သည်

"ကောလည်းလိုက်မယ်"

"မလိုက်နဲ့တော့ အန္တရာယ်များတယ်
ပြီးတော့ ကောဖျားချင်နေတာမလား"

ရှောင်းကျန့် အိပ်မှုံစုပ်ဖွားနဲ့ခေါင်းခါပြီး ရိပေါ်ရင်ခွင်ထဲတိုးဝှေ့လိုက်သည်

"ကောကိုခေါ်သွားပေးပါ
ရိပေါ်နဲ့လိုက်ချင်တယ်"

"အင်း အင်း အဲ့တာဆိုလည်း "

......

ညသန်းခေါင်ယံ မိုးရေထဲမှာဆိုင်ကယ်စီးနေတာက နည်းနည်းရူးကြောင်ကြောင်နိုင်ပေမယ့် ရိပေါ်အတွက်တော့ စိတ်ရှုပ်စရာများကိုဖြေဖျောက်တဲ့နည်းတစ်ခု

တဖြည်းဖြည်းမိုးစဲလာသောကြောင့် လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်ကိုရပ်လိုက်ပြီး မီးတိုင်အောက်တွင်ဝင်ထိုင်လိုက်ကြသည်

"ရိ ရိပေါ် စိတ်ညစ်စရာတွေ ရှိ ရှိလို့လားဟင်"

တခိုက်ခိုက်တုန်ကာ စကားပင်ဖြောင့်အောင်မပြောနိုင်တော့သော ရှောင်းကျန့်ကြောင့် ရိပေါ် ကျစ်တစ်ချက်စုပ်သပ်လိုက်သည်

"ကျစ် အဲ့တာကြောင့် မလိုက်ပါနဲ့လို့ပြောသားပဲ"

ရိပေါ် ရှောင်းကျန့်ကို ဆွဲယူပြီး ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်

"ကော ရိ ရိပေါ်ကို စိတ် စိတ်ပူလို့ပါ"

"ကျွန်တော့် ကိုစိတ်ပူစရာမလိုဘူး
ကိုယ့်အတွက်ပဲ ကိုယ်စိတ်ပူစမ်းပါ"

"ရိ ရိပေါ်"

"အင်း"

"ညနေတုန်းက ကော တောင်းပန်ပါတယ်နော်
ကောတမင် ယူကြည့်တာမဟုတ်ပါဘူး
ဧည့်ခန်းထဲမှာကျနေတာနဲ့ ဘယ်သူ့ဟာလဲသိချင်လို့ကြည့်လိုက်တာ "

DRUGS(COMPLETED)Where stories live. Discover now