8

21.2K 1.1K 35
                                    

Zawgyi

"ရိပေါ် ငါ့ဆီကိုအခုလာခဲ့ပေးပါလား"

ရိပေါ် Ph ထဲမှအသံကိုနားထောင်ရင်း ကုတင်ပေါ်တွင်လှဲနေသော ရှောင်းကျန့်ကို မျက်လုံးဝင့်ကြည့်လိုက်သည်

"အင်း ငါအခုလာခဲ့မယ်"

မအိပ်ပျော်သေးပေမယ့် မျက်လုံးများမှေးစင်းနေပြီဖြစ်တဲ့ရှောင်းကျန့်က ရိပေါ်အသံကြောင့်အိပ်ယာမှဖြေးညင်းစွာထလိုက်၏

"အပြင်သွားစရာရှိလို့လား"

"အင်း  ရင် ဘားမှာတစ်ယောက်တည်းမို့လို့တဲ့"

"ကောလည်းအိမ်မှာတစ်ယောက်တည်းပဲ"

မသွားစေချင်သလိုပြောလာသောရှောင်းကျန့်ကြောင့် ရိပေါ်ရှောင်းကျန့်ဘေးတွင်ဝင်ထိုင်လိုက်သည်

"ကောကတစ်ယောက်တည်းနေနေကျလေ ကောရာ
ရင်က တစ်ယောက်တည်းနေတတ်တာမဟုတ်ဘူး
ကျန်တဲ့သူငယ်ချင်းတွေကလည်းမအားတော့  ကျွန်တော်ပါမသွားရင် သူစိတ်မကောင်းဖြစ်နေလိမ့်မယ်"

"ငါကောစိတ်မကောင်းမဖြစ်တတ်ဘူးထင်လား
တခြားအချိန်တွေ ဘာမှမဖြစ်ပေမယ့် အတူတူနေပြီးတဲ့အချိန်တော့ အနားမှာနေပေးလို့မရဘူးလား"

ရှောင်းကျန့်စိတ်မကောင်းဖြစ်သွားသဖြင့် ထိုင်နေရာမှပြန်လှဲပြီးတစ်ဖက်ကိုလှည့်သွားသည်

သူအရာရာမှာသဘောထားကြီးပေးနိုင်ပေမယ့် ရင်ဆိုတဲ့အသံကိုကြားရင်တကယ် ဘာကိုဒေါသထွက်လို့ထွက်မှန်းမသိပေ

ရိပေါ်ရှောင်းကျန့်အနောက်မှဝင်လှဲပြီးသိုင်းဖက်လိုက်၏

"ကောအခု ကျွန်တော့်ကို ရင်နဲ့သဝန်တိုနေတာလား"

"အင်း"

"အဟက်
ကော ကျွန်တော့်ကို တကယ်ချစ်နေပြီလား"

ရိပေါ်အမေးကြောင့် ရှောင်းကျန့်ရိပေါ်ဖက်ကိုလှည့်လိုက်၏
တကယ်ချစ်နေပြီလားဆိုတာဘာကိုဆိုလိုချင်တာလဲ
သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းကျဉ်းကျဉ်းအောက်က အတွေးတွေေကခန့်မှန်းရခက်လိုက်တာ

"ကော မင်းကိုတွဲကတည်းကတကယ်ချစ်လို့တွဲခဲ့တာပဲကို   ဘာလို့ဒီလိုမေးတာလဲ
မင်း ကောကိုမချစ်လို့်လား"

DRUGS(COMPLETED)Where stories live. Discover now