Ep.3

826 56 0
                                    

Starry Night
~~~

Unicode

Yoonaတစ်ယောက် Jessicaနဲ့အတူ လေဆိပ်မှာ Krystalကို လာကြိုကြလေသည်။ Jessicaက Yoonaရဲ့ နောက်မှာ ရပ်နေသည်။

သိပ်မကြာခင် Krystal ထွက်လာလေသည်။ Yoonaကို မြင်တာနဲ့ ခရီးဆောင်အိတ်ကို ဆွဲကာပြေးလာပြီး အားရပါးရဖက်လိုက်သည်။

Krystal ပြေးဖက်တာကြောင့် Yoonaလည်းရပ်နေရာက နောက်က်ိုယိုင်ပြီး အင့်ခနဲဖြစ်သွားသည်။ နှစ်နှစ်တောင်ခွဲနေရတာမို့ Krystal သူမကိုအတော်လေး လွမ်းနေသည်လေ။ သူမ ပြုံးကာ ပြန်ဖက်လိုက်ပြီး Krystalက သူမကို နမ်းမယ်အလုပ်မှာ အနောက်မှာရပ်နေတဲ့ အစ်မဖြစ်သူကို မြင်သွားသည်။

"အဟမ်း .. Jung SooJung-ssi"

"Oops! Unnie လိုက်လာတာလား"

Jessicaကို Yoonaနဲ့ ကွယ်နေတာကြောင့် သူမ မမြင်
လိုက်ခြင်း ဖြစ်သည်။ အဲ့တော့မှ Krystalလည်း Yoonaကို ခွာကာ သူအစ်မကို ဖက်လိုက်လေသည်။

Jessica လည်း ပြန်ဖက်ရင်း "Unnieရဲ့ SooJungလေးအဆင်ပြေရဲ့လား"

"ပြေပါတယ် Unnieရယ်၊ ညီမလေးက Unnie ကိုပဲ စိတ်ပူနေတာ"

"ကျွန်တော်မျိုးမတစ်ယောက်လုံး ရှိတာတောင် ရှင်လေးက စိတ်ပူနေတယ်ပေါ့"

"ဟီး၊ အဲ့လိုမဟုတ်ပါဘူး၊ ဒါနဲ့ Unnie ဘယ်လိုလုပ် အပြင်ထွက်လာတာလဲ"

"Yoong ခေါ်ထုတ်လာခဲ့တာ"

"တကယ် အဆင်ရောပြေရဲ့လား Unnieရယ်"

Jessica သူ့ညီမမျက်နှာလေးကို ကိုင်ကြည့်ရင်း

"ငါ့ညီမလေး ချောလာလိုက်တာ"

"Unnieရဲ့ ညီမပဲလေ"

"ကဲ ညီအစ်မနှစ်ယောက် အလွမ်းသယ်တာပြီးရင် သွားကြရအောင်"

"အင်းပါ"

"ကလေးစုတ်!"

Yoonaပြောပြီး Krystalခေါင်းလေးကို ပုတ်လိုက်ကာ အိတ်ကိုဆွဲရင်း အရှေ့က ထွက်သွားသည်။ Krystalလည်း မျက်စောင်းထိုးကာ သူ့အစ်မလက်ကို ဆွဲရင်းလိုက်သွားလေသည်။

ကားပေါ်ရောက်တော့ ညီအစ်မနှစ်ယောက်က နောက်ခန်းမှာ အတူထိုင်ကာ Yoonaက ကားမောင်း လေသည်။ Jessica ကြောင့် Yoonaကိုယ်တိုင်ကားမောင်းနေခြင်းဖြစ်သည်။

Starry Night [Completed]Where stories live. Discover now