Ep.37

1K 103 7
                                    

Starry Night
~~~

Unicode

"Ju Hyun-ah မနက်စာ မစားတော့ဘူးလား?"

အလုပ်သွားဖို့ ပြင်ဆင်ပြီး ဧည့်ခန်းထဲ ထွက်လာတဲ့
Irene ကို အမေဖြစ်သူက ထမင်းစားခန်းကနေ လှမ်းမေးသည်။

"Companyနားမှာပဲ စားလိုက်တော့မယ် မေမေ"

ထမင်းစားပွဲမှာ ထိုင်ရင်း သတင်းစာဖတ်နေတဲ့ အဖေဖြစ်သူက စိတ်မရှည်သည့်ပုံစံဖြင့် "Ju Hyun ဒီကိုခဏလာဦး"

Irene သက်ပြင်းချလျက် အဖေရှေ့ကို သွားလိုက်သည်။

"အခုတလော ဘာတွေဖြစ်နေတာလဲ? မနက်ဆိုလည်း အလုပ်ကိုအစောကြီးသွားတယ်။ အလုပ်ချိန်ပုံမှန်လည်း မဆင်းဘူး။ နောက်ကျတဲ့အထိ အလုပ်လုပ်နေတယ်လို့ ပြောတယ်။ မိသားစု ထမင်းအတူမစားရတာတောင် ဘယ်လောက်ကြာပြီလဲ?"

"Projectအသစ်အတွက် အလုပ်များနေလို့ပါ"

Irene မှာ အခုတလော အရင်လို အပြုံးအရယ်လည်း မရှိတော့သလို အလုပ်တွေကိုသာ ဖိလုပ်နေလေသည်။
နဂိုကတည်းက သေးညှပ်သည့်ခန္ဓာကိုယ်လေးမှာ အခုတော့ လေတိုက်လျှင်တောင် လဲတော့မည်ဟု ထင်ရသည်။

"ထမင်းရော သေချာစားဖြစ်ရဲ့လား? မျက်နှာလေးက အရမ်းချောင်ကျသွားတယ်"

အမေဖြစ်သူကတော့ သူမကို စိတ်ပူစွာ ပြောလာသည်။

"သမီးအဆင်ပြေပါတယ်"

"ဘာကိစ္စရှိနေလဲ Ju Hyun? Soo Hyunကို တကယ်ပဲ သဘောမကျဘူးလား? သူကလာတွေ့တာတောင် မအားဘူးဆိုပြီး ငြင်းလိုက်တယ်ဆို?"

"သမီးသူ့ကို သဘောကျလား မကျဘူးလားဆိုတာကို ဖေဖေဘယ်တုန်းကများ သမီးကို မေးခဲ့လို့လဲ?"

"ဘာ!? အခု ဘာပြောလိုက်တယ်?"

"သမီး သိတတ်စအရွယ်ကတည်းက ဖေဖေနေခိုင်းသလို နေခဲ့ရတာပဲ။ ဖေဖေက လုပ်ဆိုတာပဲလုပ် ဖေဖေက ရွေးဆိုတာကိုပဲရွေး ဖေဖေသဘောကျတာတွေပဲ လုပ်ခဲ့ရတာ။ ဒါပေမယ့် ဖေဖေ သမီး Soo Hyun Oppa ကို မကြိုက်ဘူး။ သူနဲ့ထပ်တွေ့မှာလည်း မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့ သမီးကို ဒီတိုင်းလွှတ်ထားပေးပါတော့။ဒီထက်ပိုပြီး ဖေဖေ့ရဲ့စံညွှန်းတွေကို အမှီမလိုက်နိုင်တော့ဘူး။ သမီးအရမ်းပင်ပန်းလွန်းလို့ ဒီတိုင်း အလုပ်ပဲ လုပ်ပါရစေ အလုပ်ပဲ"

Starry Night [Completed]Where stories live. Discover now