Ep.31

767 51 1
                                    

Starry Night
~~~

Unicode

"Jungမိသားစုရဲ့ မမလေး Jessica Jungက
ကျန်းမာရေး အခြေအနေကြောင့် နှစ်အတော်ကြာ
အနားယူပြီးနောက်မှာတော့ Jung Group ရဲ့
လစ်လပ်နေတဲ့ ဒုဥက္ကဋ္ဌနေရာကို လွဲှပြောင်းယူမှာ
ဖြစ်ပါတယ်"

Yoonaရဲ့စကားကြောင့် အစည်းအဝေးခန်းမထဲရှိ
ရှယ်ယာရှင်တွေ အားလုံး အံ့ဩလျက် တိတ်ဆိတ်
သွားကြသည်။ သို့သော် ခဏအကြာမှာတော့ သူတို့
ဆီမှ ဝေဖန်သံတွေ ထွက်လာလေသည်။

အခန်းထဲကို ယုံကြည်ချက်အပြည့်နဲ့ လှပတဲ့မိန်းကလေး
တစ်ယောက်က Jung Groupရဲ့ ရှေ့နေနဲ့အတူ
ဝင်လာတဲ့အခါမှာတော့ ထိုအသံတွေအားလုံး ပြန်ပြီး တိတ်ဆိတ်သွားတော့သည်။ ရှေ့နေကြီးက အရှေ့ကို
ထွက်လာပြီး မက်တပ်ရပ်လျက် ရှယ်ယာရှင်တွေကို
ကြည့်ကာ

"လွန်ခဲ့တဲ့သုံးနှစ်က မတော်တဆမှုကြောင့် ဥက္ကဋ္ဌကြီး
နဲ့ ဥက္ကဋ္ဌကတော်တို့ ကွယ်လွန်ခဲ့ရပြီး Jung group
ရဲ့ဆက်ဆံသူ Ms.Jessica Jung လည်း ထိခိုက်
မှုကြီးကြီးမားမား ဖြစ်ခဲ့တယ်ဆိုတာ အားလုံးသိကြမှာပါ။
အဲ့ဒါကြောင့် ငယ်သေးတဲ့ ဒုတိယသမီး Ms.Krystal Jung ရဲ့ကိုယ်စား သူမရဲ့ သတို့သမီးလောင်း Ms.
Yoona Im က ဥက္ကဋ္ဌနေရာကို ယနေ့အထိ တာဝန် ယူပေးခဲ့တယ်။ အခုအချိန်မှာ Ms.Jessica Jung
က ကျန်းမာရေးပြန်ကောင်းလာပြီမို့ Jung groupမှာ
ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရင်း CEO Im
ကို ကူညီပေးသွားမှာပါ"

ရှေ့နေရဲ့စကားအပြီးမှာ တစ်ယောက်တစ်ပေါက်နဲ့
အသံတွေ ထွက်လာလေသည်။

"Ms.Jessica Jung ပြန်လည်ကျန်းမာလာတာကို
ဂုဏ်ပြုပါတယ်။ ဒါပေမယ့်ဒီလို ရာထူးလွဲှပြောင်းခြင်း
တွေကို Director Jungရှိတဲ့အချိန်မှ လုပ်သင့်တယ်
မဟုတ်လား?"

သေချာပေါက် ထိုလူသည် Director Jung ရဲ့
ဘက်တော်သားပင်။ Yoonaတို့ကလည်း တမင်ပင်
Director Jung ခွင့်ယူထားတဲ့အချိန်ကို ရွေးပြီး
ဒီလိုလုပ်ခြင်းပင်။

"ကျွန်မရဲ့ရှယ်ယာ ၄၅% ထဲက ၂၀% ကို Ms.Jung
အတွက် ခွဲပေးမှာပါ။ Jung Groupရဲ့လက်ရှိCEO
တစ်ယောက်အနေနဲ့ Jung Groupရဲ့ ဆက်ခံသူကို
ရာထူးခန့်အပ်တဲ့ အချိန်မှာ သူ့ဘာသာ ခွင့်ယူထားတဲ့
Directorတစ်ယောက်ကို စောင့်နေရမှာလား?"

Starry Night [Completed]Where stories live. Discover now