-10-

2.1K 204 32
                                    


-ကျန့်ကော ဒီနေ့ဆေးခန်းမဖွင့်ဘူးလား ?

-ကျန့်ကော နေမကောင်းဘူးလား ?

- အားလား ?

-ဝေ့

-ကျွန်တော်မေးတာ ဖြေအုန်းလေ !

တိုက်ရိုက်ဆိုသလို ကလောင်ကလောင်နဲ့
ဝင်လာတဲ့ We chat က messages တွေကို
ဥပေက္ခာပြု ပြီး ရှောင်းကျန့် ဟာ TV ကိုပိုလို့
အာရုံစိုက်လိုက်သည်။

ကြီးမားတဲ့အိတ်ထဲကပေါက်ပေါက်တွေကို
တစ်ခုချင်းဆီနှိုက်ရင်း ဇိမ်ခံနေသည့်ရှောင်းကျန့်။

"ရူးနေတာလား အဲ့ ရိပေါ် ဒီနေ့ဆေးခန်းပိတ်
ရက်ဆိုတာ သူမသိတာလား "

"နင်ကတော့လေ သူကိုအမြဲအနိုင်ယူတာပဲ"

Phone screen ပေါ်က အဆက်မပြတ်ဝင်နေ
တဲ့ messages တွေကို ကြည့်ပြီးပြောလိုက်
တဲ့ ရှောင်းကျန့်စကားကို ပိုင်ယွီက ဝင်ထောက်
သည်။ တကယ်ကို ပိုင်ယွီနဲ့ ရိပေါ်က ထိန်းမနိုင်
နှစ်ကောင်ပေါင်းပြီး ရှောင်းကျန့်ကို နွံနှစ်နေကြတာ။

"နင်ကများ ပြောရတယ်ရှိသေး ။ နင်လည်းလေ
အဲ့ ရိပေါ်နဲ့ ပေါင်းပေါင်းပြီး ငါ့ကိုနှိပ်စက်သိလား "

"ရာ အဲ့တာနှိပ်စက်တယ်လို့မခေါ်ဘူး
အိုစာပြီး အချစ်ရေးလမ်းကြောင်းမမြင်တဲ့
သူငယ်ချင်းကို ရေစီးကောင်းအောင် မြောင်း
ဖောက်ပေးတယ်လို့ခေါ်တယ်   နင့်အသက်အရွယ် နဲ့ ရှောင်းကျန့်ရာ ။ နင့်ကိုကြိုက်မဲ့သူ
မရှိတော့ဘူး အဲ့တာသိလား "

ဟန်ပန်လုပ်ပြောတဲ့ ပိုင်ယွီကို ရှောင်းကျန့်
မှီရာမှီရာ ပစ္စည်းနဲ့ လှမ်း ပေါက်လိုက်သည်။
မှန်သော်လည်း ဖမ်းလိုက်တာကြောင့် အထိမနာ။

"ဟမ်း ဟမ်း ငါပြောမယ် ဒီအချိန်မှာ ဇာတ်တူ
သားတွေဘာတွေ ရွေးနေလို့မရတော့ဘူး
လာတဲ့သူကိုဆွဲစားလိုက်ရမှာ နင့်အရွယ်နဲ့ဆို "

ရှောင်းကျန့်ပေါက်ပေါက် တစ်ခုကိုပါးစပ်ထဲ
ပစ်ထည့်လိုရင်း ပိုင်ယွီကို ဂျို ကျွေးလိုက်သည်။
အလကား သူ promotion ဆင်းတာတွေယုံ
မိရင် အထိနာမှာ ။

"နင့်အရွယ် နင့်အရွယ် နဲ့ နင်ကရော ငါနဲ့ရွယ်တူ
ဆိုတာသတိရအုန်း ဟက် သူ့မှာဖြင့်မူးလို့
ရူစရာတောင် လူမရှိဘဲနဲ့ "

The boy Like MoonWhere stories live. Discover now