- 21 -

1.5K 165 27
                                    


" ရိပေါ် မင်းနိုးနေပြီလား "

" အင်း "

ခါတိုင်းဆိုကော်လို ကပ်နေကျကောင်လေးက
ဒီနေ့မနက်ခင်းမှာ သိပ်ကြည်လင်မှုမရှိဟန် ။
စာပွဲဝိုင်းမှာ လာမထိုင်ဘဲ ရေစိုနေတဲ့
ခေါင်းကိုသုတ်ရင်း အိမ်အပြင် ကိုထွက်သွား
တာ ကြောင့် ရှောင်းကျန့် စားနေတာ
တောင် မြိုမကျတော့ ။

" ရှောင်းကျန့် ဒါထည့်စားလေ "

ချုံးဟယ် ကတော့ မတွေ့တာကြာတာနဲ့အတူ
သူအပြုံးတွေ ဂရုစိုက်မှုတွေကိုပေါပေါသီသီ
ပေးနေတော့တာပါပဲ။ ဒါလည်း
အတိတ်အစတုန်းက သူမရဲ့ပုံစံပဲ မဟုတ်
ဘူးလား ။ရှောင်းကျန့် လည်း ပြုံးပြုံးနဲ့
သူမထည့်ပေးတဲ့ဟင်းကိုလက်ခံလိုက်သည်။

" ရှောင်းကျန့် ရိပေါ်ရော "

အခုမှနိုးလာတဲ့ပုံစံနဲ့ သမ်းဝေရင်း ပိုင်ယွီက
ဆိုသည်။ ရှောင်းကျန့် လည်း အိမ်ရှေ့ကို
မေးတွန့်ပြလိုက်ရင်း ပိုင်ယွီကို
ကိုယ်လက်သန့်စင်ဖို့ပြောလိုက်သည် ။
အနံကဒီကနေတောင် ရနေတယ်လေ ။

" မနက်ကြီးရှိသေးတာကို..
ဟုတ်သား
ရှောင်းကျန့် ယုတ်တာ ...7 နာရီကြီးဘာလို့
နိုးစက်ပေးရတာလဲ "

" ဒီနေ့ Chongqing ကိုပတ်မှာလေ
မလိုက်ဘူးလား "

ကိုယ်ပြောလိုက်တော့မှ စွာကျယ်စွာကျယ်နဲ့
ငါး ဖြူ မက ဖင်ကုတ်ခေါင်းကုတ်လုပ်ရင်း
Chongqing သားတွေကချောလားဆိုပဲ ။

______________

" ရိပေါ် မင်းမနက်အစောက ဘယ်သွားတာလဲ "

မနက် 7 နာရီကျော်လောက်ထွက်သွားတဲ့
ရိပေါ်က မနက် 10 နာရီမှာတော့ ပြန်လာ
ရှာသည် ။ လက်ထဲမှာလည်း ပစ္စည်းတစ်ခုခု
ထည့်ထားတဲ့ အိတ်နဲ့ ။

ရှောင်းကျန့် မေးတာကို မကြားသလို
ဟန်ပြု ရင်း ရိပေါ် အပေါ်ထပ်ကိုတတ်မယ်
လုပ်တော့ ရှောင်းကျန့် လှမ်းအော်လိုက်သည်။

" ငါတို့ လျှောက်လည်မလို့ မင်း မလိုက်ဘူးလား
ရိပေါ် "

" ဘယ်သူတွေပါမှာလဲ "

ရိပေါ်ကလှေကားပေါ်ကနေ လှည့်တောင်
မကြည့်ဘဲ ခေါင်းသာစောင်းမေးသည် ။
ရှောင်းကျန့် လည်း ဒီကောင်လေးဘာကို
အလိုမကျလည်းဆိုတာတကယ်မသိ
လိုက်စေချင်တာတော့အမှန်
Chongqing အလှကို သူ့ကိုခံစားစေ
ချင်သည် ။

The boy Like MoonWhere stories live. Discover now