- 16 - small warning🚨🔞

4K 235 16
                                    


( Small warning နော် 🙄။
အရင် New year တုန်းကလည်း up ဖူးသလားလို့ 🤓။ ထားပါ။
အခုမှစရေးတာမို့ အရေးအသားနည်းနည်း
လေး လို သွားရင် ခွင့်လွှတ်ကြပါ 🤧။ )

ရှောင်းကျန့် ဆိုင်ခန်းကို တော်တော်ကြာမွှေ
ပြီးမှ ဖြေဆေးကို တွေ့သည်။
မိနစ်အနည်းငယ်ကြာသွားပြီမို့
ရှောင်းကျန့်ကားကို ပြိုင်ကားသဖွယ်မောင်း
ပြေးရသည် ။

သူကလည်း ယောင်္ကျားထဲက ယောင်္ကျား ပေမို့
ယခုလို ဒုက္ခမျိုးသိသည်။
သို့သော် ပြောရရင်လည်း သူအမှားမဟုတ်
ဒါပေမယ့် အခုတော့ သူမကူညီရင် သေသွား
မှာမို့ ရှောင်းကျန့်သူရဲကောင်း လုပ်ရတော့မည်။

အိမ်နဲ့ ဆေးခန်းနဲ့က ၄ မိုင်လောက်ပဲရှိတာမို့
ရှောင်းကျန့်အိမ်ပုလေးကို ကောင်းကောင်း
မွန်မွန်ပြန်ရောက်လာသည်။

အိမ်တံခါးကို အမြန် ဖွင့်ဝင်လိုက်တော့
အသွားတုန်းကပြာယာပြာယာနဲ့မပိတ်ခဲ့ရတဲ့
အခန်းမီးက လင်းထိန်နေသည်။

အိပ်ခန်းဆီ ဦးတည်ကာသွားလိုက်တော့
အခန်းထဲမှ မည်သည့် အသံမျှမကြားရ။

သေသွားပြီလား ????

ကိုယ့်ဘာကိုယ်တွေးပြီး ချွေးတောင်ထွက်ချင်
သလိုလို ဒါပေမယ့် အဲ့လောက်ကြီးမဖြစ်လောက် ပါဘူး ။
ကိုယ့်ဘာကိုယ် ဖြေလျော့ရင် ရတာပဲလေ ! ။

ဒါပေမယ့် သောက်မိတာက တိရစ္ဆာန်ဆေးကြီး!

ဘယ်လိုပဲဖြစ်ဖြစ် နိုင်အောင် ကရမယ့်ဇာတ်လို့
ရှောင်းကျန့် တွေးကာ သက်ပြင်းချလိုက်သည်။

အခန်းတံခါးကို အသာလေးဖွင့်လိုက်တော့
မသွားခင်ကတည်းက ပိတ်ထားတဲ့အတွက်
အမှောင်ခန်းကြီးက ဆီးကြို နေသည်။

အခန်းထဲမှာ တိတ်ဆိတ်ချက်က အဲကွန်း
ရဲ့လေသံကိုတောင် ကြားနေရတဲ့အထိမို့
ရှောင်းကျန့် ချွေးစေးတွေတောင် ပြန်လာသည်။

" ဝမ်ရိပေါ် "

လေသံတိုးတိုးလေးနဲ့ အခန်းထဲကို ခြေတစ်လှမ်း လှမ်းရင်း အခန်းဘေးက မီးခလုတ်ကို
စမ်းလိုက်သည်။

" ဟင်း "

မီးခလုတ်ကိုစမ်းမိကာ ဖွင့်လိုက်တော့မယ့်
ခဏမှာ ဘေးဘက်က သက်ပြင်းချသံလိုလို
လေသံကို ကြားမိလိုက်တာမို့
ရှောင်းကျန့် ချက်ချင်းပင် အနောက်ဘက်ကို
လှည့်ကြည့်လိုက်သည်။

The boy Like MoonWhere stories live. Discover now