Chapter 18

8.2K 930 299
                                    

/Unicode/

" ရေနွေး အဆင်သင့်ဖြစ်ပါပြီ ကိုယ်ရံတော် Jeon "

" အင်း ၊ အဲ့ဒါဆို မင်း သွားလို့ရပြီ "

ကောင်လေးကိုပြောရင်းနဲ့ Jungkook လက်ထဲက
တဘတ်ဖြူကို တန်းပေါ်တင်ခဲ့ကာ ၊ ​ရေနွေးဖြည့်
ထားတဲ့ ​သစ်သားကန်ငယ်နားကို လျှောက်သွား
လိုက်သည် ။ အခုမှ လောလောလတ်လတ် ရေပူစမ်း
ကနေ ခပ်လာတာကြောင့် ၊ အငွေ့တွေက
ရေမျက်နှာပြင်ကနေ အပေါ်ကိုထိုးတက်လို့ ။
ဘေးနားက အုတ်ကန်ကြီးထဲကနေ ရေတစ်ပုံး
ခပ်ကာ လောင်းထည့်လိုက်ပေမယ့် ၊ အငွေ့တွေက
လျော့မသွားသေးဘူး ။ လက်နဲ့ အသာလေး စမ်း
ကြည့်တော့ ၊ ထင်တဲ့အတိုင်း ရေကပူနေတုန်း။
သူ့ အတွက်ဆိုရင်တော့ ဒီအပူက အနေတော်
ဖြစ်ပေမယ့် ၊ အသားနုနုနဲ့ သူ့ကလေးကတော့
ဒီအပူကို ခံနိုင်မှာ မဟုတ်ဘူး ။ အဲ့ဒါကြောင့်
Jungkook ရေခပ်ထည့်လိုက် စမ်းကြည့်လိုက်
လုပ်နေတာ ၊ ၃ ပုံးမြောက်မှာတော့ အပူက
တော်တော်လေး လျော့သွားလေပြီ ။ ဒီလောက်ဆို
အတော်ပဲ လို့ တွေးရင်း လက်ကရေတွေကို
စင်အောင်သုတ်ကာ အိမ်ရှေ့က ကလေးကို
ခေါ်ဖို့သွားရသည် ။

Jimin ကို ရေချိုးပေးဖို့ ရေပူစမ်းကို သွားလိုက်ရင်
ပိုလွယ်ပေမယ့် ၊ ဒီနေ့ လူရှုပ်နေမှာဆိုတော့
Jungkook အဆောင်မှာပဲ ချိုးပေးဖို့ စဥ်းစား
လိုက်တယ် ။ ရေနွေးစပ်တာကလည်း ကောင်လေး
ကို လုပ်ခိုင်းလို့ ရပေမယ့်၊ Jimin နဲ့ ပက်သတ်ရင်
ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်
တဲ့သူမို့ ၊ ကောင်လေးကို ရေပူစမ်းက ရေပဲ
ခပ်ခိုင်းပြီး ကိုယ်တိုင်ရေနွေးစပ်လိုက်တော့တာ ။
အခုရေနွေးလည်း စပ်ပြီးပြီဆိုတော့ အညစ်အပတ်
လေးကို ရေချိုးပေးရမည် ။

" Jimin ရေ ၊ ရေချိုးမယ် "

ရေချိုးခန်းအပြင်ရောက်လို့ အသံပေးလိုက်
ပေမယ့် ၊ တိတ်ဆိတ်နေတဲ့ အခြေအနေကြောင့်
Jungkook ဧည့်ခန်းထဲကို မျက်စိကစားလိုက်
သည် ။ ကုတင်ပေါ်ကိုရော ၊ ပြတင်းပေါက်နား
ကိုရော ။ ဒါပေမယ့် အရိပ်အယောင်တောင်
မမြင်ရတဲ့အတွက် ၊ တံခါးကြားကို သွားချောင်း
လိုက်ပေမယ့် အသေးလေးကို မတွေ့ပြန်ဘူး ။

𝑾𝒊𝒕𝒉𝒐𝒖𝒕 𝑨 𝑯𝒆𝒂𝒓𝒕Where stories live. Discover now