Episode-3(Z&U)

34.8K 4.5K 196
                                    

Episode-3

"ကိုစည်သူ ကျွန်တော်ပြောတာကြားရဲ့လားဗျာ. ဒီအိုးထဲ ဆား နည်းနည်း ထည့်ခိုင်းထားတာ ရပြီလား."

"ဗျာ-ဟုတ် ဟုတ်ကဲ့ ကိုမိုး။ ကျွန်တော် ခုပဲလုပ်လိုက်ပါ့မယ်။"

မိုးညှို့၏လက်ထောက်ဖြစ်သည့် စည်သူ က ခုမှ အသိဝင်ကာ ကမန်းကတန်းထလုပ်သည်။ စားဖိုဆောင်၏ကောင်မလေးများ ကလည်း ဟင်းရွက်သင်သည့်သူများလည်းချီတုံချတုံ.ပန်းကန်ဆေးစက်နားက ကောင်မလေးများကလည်း အလုပ်မှာ အာရုံမရှိ။

ဒီလိုမဖြစ်တန်ကောင်းလား။ အိမ်ရှေ့စံသခင်လေးက ခပ်လှမ်းလှမ်းက စားပွဲစောင်းကို မတ်တပ်ရပ်မှီ လက်နှစ်ဖက်ပိုက် ပြုံးထေ့ထေ့ဖြင့် စားဖိုဆောင်ထဲရောက်နေသည်ကိုး။ကျန်သည့်သူတွေက အယောင်ယောင်အမှားမှားဖြင့် ဖြစ်နေပေမယ့် မိုးညှို့ ကတော့ နဂိုကတည်းက ဒီလိုအေးဆေးတာပဲမို့ အာရုံမရ။သို့ပေမယ့် အားလုံးက ဒီလိုဖြစ်နေတော့ မိုးညှို့လည်းနည်းနည်း စိတ်ရှုပ်လာရသည်။ ထို့ပြင် ဒီနေ့ကလည်း စားတော်ကဲချူ့ပ်ကြီးက ခွင့်ယူထားလေတော့ လက်ရှိ စားဖိုဆောင်မှာ မိုးညှို့က ရာထူးအကြီးဆုံး။ဧကရာဇ် ကိုလည်း ဘာများအလိုရှိပါသလဲ မေးတော့လည်း လုပ်နေကျအတိုင်းလုပ်ကြပါ။ဒီတိုင်း လာကြည့်တာ ဆိုတော့. ဆက်ရန်ကလည်းမရှိ။

"လက်ဖက်ရည်က နှပ်ထားတာ ရပြီလား.နှစ်နာရီ ထိုးတော့မယ်နော်."

"ဟုတ်ကဲ့ ကိုမိုး ရနေပါပြီ။ပြင်လိုက်ရတော့မလား။"

"အင်း ပြင်ပြီး ယူသွားခိုင်းလို့ရပြီလေ။ လက်ဖက်ရည်ချိန် ရောက်တော့မှာ."

စည်သူက ခေါင်းညိတ်ကာ သွက်သွက်လက်လက်ဖြင့် လုပ်စရာရှိတာဆက်လုပ်သည်။နှပ်ပြီးသား အခါးရည် ကို နွားနို့.သကြားတို့ဖြင့်သင့်တော်အောင် ဖျော်စပ်ကာ ရွှေရောင်ကရားအိုးနှစ်လုံးထဲ ထည့်သည်။ မိုးညှို့ လုပ်ထားပေးသည့် ကွတ်ကီးချပ်ကလေးတွေကိုတော့ အကူမိန်းကလေးတစ်ယောက်က ကြွေပန်းကန်တွေထဲ လှလှလေးစီထည့်ပြီး နန်းတော်ဆောင် ထဲ သွားပို့ဖို့ပြင်တော့သည်။ဒါပြီးရင် စားဖိုဆောင်ကလည်း ခဏအနားယူချိန်မို့ မိုးညှို့ ခါးက အေပရွန်လေးကို ဖြုတ်လိုက်၏။

မောင့်ဧကရာဇ် Where stories live. Discover now