Episode -32

26K 3.3K 199
                                    

Episode-32

အချိန်အတော်ကြာခွဲစိတ်မှုအပြီးတွင်မှ လူနာ စိ်ုးရိမ်စရာမရှိတော့ပါဟူသည့် စကားကိုကြားမှ ခွဲစိတ်ခန်းရှေ့တွင် တစ်စက် ကလေး မှ ထိုင်မနေနိုင်သော ဧကရာဇ် က စိတ်လျှော့ရသည်။ အထူးခန်းထဲတွင် မိုးညှို့ကို သယ်ယူပို့ဆောင်လျက် လိုအပ် သည့် ဆေးကိရိယာများ သွယ်တန်းပေးနေသည်ကို အခန်းအပြင်ကနေ ကြည့်ရင်း ဧကရာဇ် မျက်လုံးသားတွေ နီရဲလျက် ရှိသည်။ ဘေးတွင် ရှိုက်ငိုနေသည့် ဒေါ်ကြည်ဖြူငြိမ်း၏ အသံကိုကြားမှ အသိက ပြန်ဝင်လာသည်။

“တောင်းပန်ပါတယ် အန်တီ။မိုးက ကျွန်တော့်အစားဝင်ကာပေးလိုက်လို့။ကျွန်တော့်ကြောင့် မိုးက-”

“ဟင့်အင်း သခင်လေးကြောင့်မဟုတ်ပါဘူး။ မိုးလေး ကိုယ်တိုင်က ဆန္ဒရှိနေလို့သာပေါ့။ သခင်လေးကို ဘာပြောခဲ့သလဲတော့ မသိပေမယ့် အဲ့ဒီနေ့က မိုးလေး အသည်းပေါက်မတတ်ငိုနေခဲ့တာ။ သခင်လေး အပေါ်အပြစ်လုပ်မိလိုက်ပြီ။စိတ်ဆင်းရဲအောင်လုပ်မိလိုက်ပြီ။တမင်လုပ်တာမဟုတ်ပါဘူး.အဲ့ဒီစကားတွေပဲ ပြောရင်း တုန်လှုပ်နေခဲ့တာ။”

ဒေါ်ကြည်ဖြူငြိမ်း က မျက်ရက်စက်လက်ဖြင့် ခပ်တိုးတိုးစကားဆိုပေမယ့် ဧကရာဇ် နားထဲတွင်တော့ အကျယ်ကြီးကြား နေရတာပဲဖြစ်သည်။ကြည်နူးဝမ်းမြောက်ရခြင်းက တစ်ဖက်၊ မိုးကလေး ဘယ်လောက်တောင် တစ်ယောက်တည်းခံစား နာကျင်နေမလဲဆိုသည့်စိတ်ကတစ်ဖက်။

“ကျွန်တော်ညံ့ခဲ့တာ။မိုး ကျွန်တော့်အပေါ် ဘယ်လိုသဘောထားသလဲ သေချာတောင်မသိခဲ့ဘူး။ ကျွန်တော်ကချည်းနာကျင်ခံစားရတယ်ထင်နေတာ။တကယ်တော့ မိုးက ဖွင့်မပြောပြဘဲနဲ့ တိတ်တိတ်ကလေး.။ကျွန်တော့်ရဲ့  မိုး ..ကလေ.”

ဧကရာဇ် တစ်ယောက် ဒေါ်ကြည်ဖြူငြိမ်းရှေ့တွင်ဆိုသည့်အသိမရတော့။ ဆိုလက်စ စကားပင်မဆက်နိုင်အောင် ရှိုက်ငင်မိလျက် အထူးခန်းထဲက မိုးညှို့ကိုလှမ်းကြည့်မိသည်။

“မိုး ကျွန်တော့်ကိုချစ်လျက်နဲ့ပစ်ပစ်ခါခါတွေပြောခဲ့တာ ပုံမှန်တော့ မဟုတ်နိုင်ဘူး.”

ဧကရာဇ်ပြောလို့မှမဆုံးသေး။ခပ်သွက်သွက်လျှောက်လှမ်းလာသည့် ခြေသံက ကော်ရစ်တာတစ်လျှောက်ပျံ့လွင့်လာသည်။ ဧကရာဇ် လှမ်းကြည့်လိုက်တော့ အဝေးကနေကြည့်တာတောင်ပူပန်သောကပွေနေသည့် ထိပ်ထား။ ဧကရာဇ် တို့ထိုင်နေသည့်  နားမရောက်ခင်မှာပင် ကိုယ်ရံတော်နှစ်ယောက်က ထိပ်ထားကို တားဆီးထားသည်။

မောင့်ဧကရာဇ် Where stories live. Discover now