Zawgyi
စီးကျလာတဲ့မျက်ရည်တွေကပါးပြင်ပေါ်မှာအဆတ်မပြတ်စီးဆင်းသွားသည်။တစ်ချက်တစ်ချက်ရှိုက်သံလေးတွေပါထွက်လာတော့နှုတ်ခမ်းလေးတွေကိုအတင်းဖိကိုက်ထားလိုက်သည်။
ဟင့်အင်း မငိုချင်ဘူး။ဒါပင်မဲ့လည်းအရမ်းဝမ်းနည်းနေတာ။အရမ်းကိုနာကျင်နေတာ။နှလုံးသားကိုဆွဲညစ်လိုက်သလိုပဲ။ရပ်ကြည့်နေတဲ့ဒူးတွေလည်းမခိုင်တော့ဘူး။သူကိုကိုယ်ကမပိုင်မှန်းသိပါတယ်။ဒါပင်မဲ့လည်းဒီလိုပုံတွေမြင်ရင်တော့လုံးဝကိုမခံစားနိုင်ဘူး။မကြည့်နိုင်တော့တဲ့အဆုံးလေးလံတဲ့ခြေလှမ်းတွေနဲ့ရေကန်စီသာပြန်သွားတော့သည်။
တစ်လှမ်းခြင်းလှမ်းနေရတဲ့ခြေလှမ်းတွေကအသက်မဲ့စွာ။ငိုထါးတဲ့မျက်ဝန်းတွေကိုအခြားလူတွေသတိမထားမိအောင်လက်တွေနဲ့ပွတ်ပစ်လိုက်ပြီးပါးပေါ်ကမျက်ရည်တွေကိုပါလက်ခုံဖြင့်သုတ်ပြီးဖယ်ရှားလိုက်သည်။
ရေကန်စီပြန်ရောက်တော့အခြားလူတွေကဓာတ်ပုံရိုက်နေပြီးယွန်းကတော့ထိုင်ခုံလေးတစ်ခုံမှာထိုင်နေသည်။ချယ်ဝန်ကိုမြင်တာနဲ့ချယ်ဝန်ဆီပြေးလာပြီး
"ချယ်ဝန်..."
ယွန်းပြောမဲ့စကားတွေဆက်မပြောနိုင်တော့ပဲချယ်ဝန်ကိုသာကြည့်နေသည်။ချယ်ဝန်မှာမျက်လုံးတွေကလည်းရဲလို့။မျက်နှာကလည်းသွေးမရှိတော့သလို့ဖြူဖတ်ဖြူရော်နှင့်။
"ချယ်ဝန် နင်အဆင်ပြေရဲ့လားဘာတွေဖြစ်လာတာလဲနေမကောင်းလို့လား"
ယွန်းပြောတဲ့စကားတွေကိုချယ်ဝန်ပြန်မဖြေချင်။ဖြေဖို့အားတွေလည်းမရှိတော့ဘူး။ဒါပင်မဲ့လည်းပြနိမဖြေရင်ယွန်းပိုပြီးစိတ်ပူနိုင်တယ်မှတ်လား။
"မဟုတ်ပါဘူးဟ နေကောင်းပါတယ်"
ရှိသမျှအားတွေအကုန်လုံးကိုစုပြီးပြောလိုက်ရသည်။
"ဒါဆိုဘာလို့ဖြူဖတ်ဖြူရော်တွေဖစ်နေတာလဲ"
"ငါ ဟိုဟာတွေဖြစ်နေလို့ပါ"
"ချယ်ဝန်ပြန်ရောက်ပြီလား ထယ်ဟျောင်းရောမတွေ့ခဲ့ဘူးလား"
ဓာတ်ပုံရိုက်နေရင်းနဲ့ချယ်ဝန်ကိုတွေ့တော့အွန်မီကလှမ်းမေးသည်။ယွန်းကလည်းချယ်ဝန်သိမ့်နေမကောင်းဘူးဆိုတာကိုသိ၍
YOU ARE READING
My lover bestfriend