အပိုင်း(၁၈) ဇာတ်လိုက်၏ ဘဝလမ်းခရီးတွင် ဆူးငြောင့်များဧကန်ရှိနေ
5.2K 795 16
 ဇာတ်လိုက်၏ ဘဝလမ်းခရီးတွင် ဆူးငြောင့်များဧကန်ရှိနေ
'ခြောက်သွေ့ခြင်းကင်းမဲ့စွာ အပေါက်ဗလပွနှင့် ချည်မျှင်သဏ္ဌန် မိုးများသွန်းလေစွ ဤအခန်းငယ်ထဲဝယ် ၊ နှစ်ချို့ခြုံထည်ကား သံမဏိအလား အေးစက်လှပါဘိ' ဆိုတာ ဘာကိုဆိုလိုသနည်းဆိုသည်ကို     ရှောင်းယွီအန်းအနေဖြင့် ဤယနေ့၌ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီဟုထင်သည်။
ရန့်ဟော်ချင်းနေတဲ့နေရာကို ဘယ်လိုလုပ်ပြီး အခန်းလို့ခေါ်နိုင်မှာတုန်း, တကယ်တမ်းဆိုရင် ထင်းသိုလှောင်ခန်းပဲ၊ စားပွဲတွေကုလားထိုင်တွေတောင်မရှိဘူး၊ မီးလှုံဖို့ဆိုပြောမနေပါနဲ့တော့, တစ်ချက်ကလေးလှမ်းကြည့်လိုက်တာ နံရံပေါ်က အပေါက်ကလွဲရင် ထောင့်လေးနားမှာ သနားစဖွယ်စုပုံခြင်းခံရတဲ့ ထင်းခြောက်ကလေးတစ်ပုံသာရှိတယ်ရယ်
ခေါင်းတစ်ချက်မော့လိုက်တာနှင့် ဆံချည်မျှင်ထက်၌ ခါးသီးမှုဒုက္ခအစုံ ချိတ်ဆွဲထားသလို မြင်လိုက်ရမှာကို ရှောင်းယွီအန်းအနေဖြင့် အမှန်တကယ်ပင် ကြောက်ရွံ့နေမိ၏။
တကယ်အရမ်းသနားဖို့ကောင်းတယ်......
ရှောင်းယွီအန်းသည် သူ့အပြင်ဝတ်ရုံကို ရန့်ဟော်ချင်းအား ပေးလိုက်ပြီဖြစ်ရာ အခန်းမှာလေမကာနိုင်သောကြောင့် လေအေးတစ်ဝှေ့တိုက်ခတ်လိုက်သည်နှင့် လူတစ်ကိုယ်လုံး မထိန်းနိုင်တော့ဘဲ တဆတ်ဆတ်တုန်ရီလာရသည်။
ရန်လျိုအန်းက စိုးရိမ်ပူပန်စွာ လျှောက်တင်သည်။
"အရှင်မင်းကြီး , ဒီအခန်းက အလွန်အေးစိမ့်လှပါတယ်, အရှင်...."
ရှောင်းယွီအန်း "နည်းနည်းလေးအေးတာတော့အမှန်ပဲ, လျိုအန်း , မောင်မင်း တော်ဝင်အိပ်ဆောင်ဆီပြန်ပြီး ကိုယ်တော့်အတွက် ဝတ်ရုံတစ်ချို့ယူလာခဲ့ပေး"
လျိုအန်းလည်း အမိန့်နာခံပြီး ခြေလှမ်းခက်သွက်သွက်လှမ်းကာ အခန်းပြင်ထွက်သွား၏။
ရှောင်းယွီအန်းသည် တစ်ဖက်တွင်ရှိနေသော ရန့်ဟော်ချင်းလှည့်ကြည့်လိုက်ရာ နဖူးတွင် သွေးထွက်နေသည်ကို တွေ့ရ၍ စိတ်မသက်သာစွာဖြင့် အေးစက်စက်သက်ပြင်းတစ်ချက်မှုတ်ထုတ်မိ၏။