အပိုင်း(၃၃) မင်းကြိုက်သလောက်ဆိုးစမ်းပါ.....
3.1K 412 22
အပိုင်း(၃၃) မင်းကြိုက်သလောက်ဆိုးစမ်းပါ, ဆက်ဆံရေးမတည်ဆောက်နိုင်ရင် ငါရှုံးပြီလို့မှတ်လိုက်မယ်
နောက်လိုက်များမပါ၊ ဝေါယာဉ်တော်လည်းမရှိ။ နန်းတော်တောင်ဘက်မှသည် မြောက်ဘက်သို့ နှစ်ယောက်သား စိတ်ပြေလက်ပြေပင် လမ်းလျှောက်နေမိသည်။ နံနက်ခင်းစောစောပိုင်းလောက်ကနေ လျှောက်သွားနေရာ နေ့ခင်းအချိန်လောက်ပင်ရောက်နေလေပြီ။အဆုံးမှာတော့ ရှောင်းယွီအန်းတစ်ယောက် ခြေလှမ်းဆက်မလှမ်းတော့ဘဲ ရပ်တန့်လိုက်လေသည်။
ရန့်ဟော်ချင်းက ခေါင်းမော့ကာ အရှေ့သို့လှမ်းမျှော်ကြည့်လိုက်သည်။ ဤသို့ဖြင့် မီးခိုးမှိုင်းပျပျနှင့်အတူ စားကောင်းသောက်ဖွယ်ရနံ့တို့သင်းပျံ့နေကာ ကျဉ်းလည်းမကျဉ်းကျယ်လည်းမကျယ်သည့်အဆာင်ရှေ့တွင် ချိတ်ဆွဲထားသောစာလုံးသုံးလုံးကိုမြင်တွေ့လိုက်ရ၏။
"စားဖိုဆောင်"
ရန့်ဟော်ချင်းခေါင်းတစ်ခုလုံး ဗလာကျင်းသွားလေသည်။
"ဒီနေရာလား?"
ရိုးသားသောဖိုးသခွားရုပ်လေးနှင့်အတူ ပြုံးပြသောရှောင်းယွီအန်း__
"မဖုံးကွယ်တမ်းဆိုရရင် ငါလမ်းမှားသွားပြီ"
ရန့်ဟော်ချင်း : "................"
"မင်းအဲ့လိုမျက်ဝန်းကြီးတွေနဲ့ ငါ့ကိုမကြည့်ပါနဲ့ကွာ, ငါမှ ဒီနန်းတော်ကို မရင်းနှီးတာ, မနေ့က ငါလမ်းကြောင်းတွေကို သေချာတော့မေးထားပါတယ်, ဒါပေမဲ့ ဒီနန်းတော်က အရမ်းကြီးတာကို, စင်္ကြံတွေ,ဥယျာဉ်တွေကလည်းဒီလောက်တူနေတာ , သွားရင်းသွားရင်းနဲ့ လမ်းပျောက်သွားပြီ"
ရှောင်းယွီအန်းက အပြစ်မရှိသည့်ပုံစံလေးနှင့် လက်လေးနှစ်ဖက်ဖြန့်ကားကာပြော၏။
ရန့်ဟော်ချင်းခမျာ သူ့ကိုကြည့်ရင်းနှင့် ခေါင်းတောင်ခဲလာသလိုလို။
"ဒါဆိုရင်ဘာလို့ရပ်လိုက်တာတုန်း?"
ရှောင်းယွီအန်းက လေအကြာကြီးရှူသွင်းလိုက်ပြီး တစ်ဖန်သက်ပြင်းတိုတစ်ချက်မှုတ်ထုတ်ကာ ဗိုက်လေးကိုပွတ်လျက်__