အခန်း(၁၂)

19.5K 3.6K 74
                                    

[Zawgyi]

"အာ...သူဒဏ်ရာရလာတာလား?"

လင်းမိုကိုတွဲပြီးထွက်လာသော သွမ့်ရုံရှင်းကြောင့် စုမေလျန်မေးလိုက်မိသည်။ လင်းမို၏ အမူအရာမရှိသော မျက်နှာက အေးခဲသွားကာ ပြောလာသည်။

"မင်းက ဘာကိစ္စ မသွားသေးတာတုန်း?"

"အဲ့ဒါက...."

"အစ်ကိုသုံး၊ မိန်းကလေးစုက ကျွန်တော်တို့ သွားမယ့်နေရာကိုပဲ သွားမှာမို့ အတူတူသွားရင် ပိုကောင်းမယ်ထင်တယ်။"

သွမ့်ရုံရှင်း ဝင်ပြောလိုက်သည်။ လင်းမိုက မျက်မှောင်ကုတ်တာ သူ့ကိုကြည့်လာ၏။

"ငါမင်းကိုမေးလား?"

သွမ့်ရုံရှင်း ပါးစပ်ကတင်ဖြေရုံမက ခေ့င်းပါယမ်းပြလိုက်သည်။

"မမေးပါဘူး။"

"ပါးစပ်ပိတ်နေ!"

"ဟုတ်ကဲ့။"

သွမ့်ရုံရှင်း ပါးစပ်ကိုတင်းတင်းစေ့နေအောင် ပိတ်လိုက်သော်လည်း မလုံလောက်သေးဘူးထင်၍ လက်နှစ်ဖက်နှင့်ပါ ပါးစပ်ကိုအုပ်၏။ သူက လင်းမို၏စကားကို အပီအပြင်လိုက်နာနေခြင်းဖြစ်၏။ သူလုပ်ပုံကိုကြည့်ပြီး စုမေလျန်က ပြုံးသွားသော်လည်း လင်းမို၏နဂိုကတင်းမာနေသောမျက်နှာမှာ ပို၍ပင်တင်းမာလာသည်။ သွမ့်ရုံရှင်းမှာ သူ၏သားကလေး ဘာကြောင့်ပိုဒေါသထွက်သွားရသည်ကို နားမလည်နိုင်စွာ အူလည်လည်ဖြစ်နေရှာသည်။

"Hostလုပ်ပုံကြီးကလည်း မသိရင်ရွဲ့နေတဲ့အတိုင်းပဲ။"

မနေနိုင်သော Systemက ဝင်ပြောသည်။ ဒီတော့မှ သွမ့်ရုံရှင်းက အယောင်ယောင်အမှားမှားဖြင့် လက်ကိုပြန်ချရင်း လင်းမိုကို သွားအဖြီးသားနှင့်ရယ်ပြသည်။ Systemလေးမှာ သူ့မှာသာခေါင်းရှိလျှင် တိုင်နှင့်ခေါင်းနှင့်ပြေးဆောင့်မိချင်စိတ်ပင်ပေါ်လာရသည်။ Hostရဲ့ခေါင်းက ဇာတ်လိုက်နဲ့ရှိနေရင် ပုံမှန်ကိုအလုပ်မလုပ်တော့ဘူး။

"System!"

"ဘာလဲ။"

ဆူအောင့်နေသော လေသံကြောင့် သူ့Systemလေး စိတ်ကောက်နေမှန်း သွမ့်ရုံရှင်းသိလိုက်သည်။ သို့ပေမယ့် ဘာကြောင့်မှန်းသူမသိ။ တစ်လောကလုံး ငါ့ကိုပဲဝိုင်းစိတ်ကောက်နေကြတာလားဟေ!

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now