အခန်း(၂၀)

18.6K 3K 63
                                    

[Zawgyi]

{ဘက်စုံတော်တဲ့သားသားလေး}

ခဏအကြာ၌ လင်းမိုပြန်ရောက်လာ၏။ လင်းမိုက သူ့ဆရာတူညီလေးကို ကြည့်ကာမေးသည်။

"ရှောင်ရှင်း။ ဗိုက်ဆာနေပြီလား?"

"မ..မဆာပါဘူး။"

သွမ့်ရုံရှင်း ရှက်သွားချင်ယောင်ဆောင်ပြီးပြောလိုက်သည်။ သွမ့်ရုံရှင်းလက်ရှိပုံစံသည်ကား ညီလေးကြောင့် အစ်ကိုကြီးဒုက္ခခံစရာမလိုပါဘူးဆိုတဲ့ ပုံစံမျိုးပင်ဖြစ်၏။

ငါ့သားသားလေးက ဘာလို့အရမ်းသိတတ်နေရတာလဲ!? ဖေဖေကြီး သားသားလေးကို မိန်းမ မပေးစားချင်တော့ဘူး..!

လင်းမိုက သူ့ရှေ့က နားရွက်တွေနီရဲနေပြီး ခေါင်းကိုအတင်းငုံ့ထားတဲ့ ဆရာတူညီလေးကို ကြည့်လိုက်သည်။ ဆရာတူညီငယ်လေးက ဗိုက်ဆာတယ်လို့ပြောရမှာ ရှက်နေ၏။ သူတို့ အတူတူရှိလာတာပဲကြာပြီဟာကို ရှက်နေသေးတာ။ သွမ့်ရုံရှင်း၏ပုံစံကိုကြည့်ရင်း လင်းမိုစချင်လာသည်။

"တကယ်လား? အဲ့ဒါဆိုလည်း...။"

လင်းမိုမှာ စကားတောင်ဆုံးအောင် မပြောလိုက်ရပေ။ သွမ့်ရုံရှင်းဆီက "ဂွီ"ဟူသည့်အသံကြီးထွက်လာ၏။ လင်းမို မရယ်ဘဲမနေနိုင်တော့။ စောစောက ခေါင်းငုံ့ထားတယ်ဆိုရင် အခုတော့ သူ့ဆရာတူညီငယ်လေးပုံစံက ရှက်လွန်းလို့ မြေကြီးထဲဝင်တော့မယ့်အတိုင်း။ သူ သွမ့်ရုံရှင်းခေါင်းကို ဖွဖွလေးပုတ်လိုက်သည်။

"ဗိုက်ဆာနေရင် ဗိုက်ဆာတယ်ပေါ့။ ဒါလေးပြောရမှာကို ဘာလို့ရှက်နေတာလဲ?"

ဒါပေမယ့် ဒီဆရာတူညီငယ်လေး ရှက်နေပုံကို သူအသည်းယားလွန်းလို့ ငုံထားလိုက်ချင်၏။ တကယ်ပါပဲ...ဒီလောက်ချစ်ဖို့ကောင်းအောင် လုပ်ပြနေရင် စစ်ထျန်းတောင်ကိုရောက်တဲ့အခါ သူ့အစ်ကိုကြီးတွေနဲ့မတွေ့စေချင်တော့ဘူး။ ယုတ်စွအဆုံး ဆရာနဲ့တောင်လည်းပေးမတွေ့ချင်တော့။ မတော်လို့ အကုန်လုံးက ညီငယ်လေးကိုဝိုင်းချစ်ကြပြီး သူ့ဆီကလုသွားရင် ဘယ့်နှယ်လုပ်မလဲ?

စစ်ထျန်းတောင်ကို ပြန်ရောက်ရင် သူဂူအောင်းပြီး တရားကျင့်ရတော့မှာကိုတွေးမိပြီး လင်းမိုစိတ်ညစ်သွားသည်။ နည်းနည်းလောက်ဖြစ်ဖြစ် အချိန်ဆွဲနေရုံပေါ့။ ဒီအတိုင်း ခဏလေးဖြစ်ဖြစ် အတူတူပိုရှိနေချင်တဲ့ အတ္တသေးသေးလေးကြောင့်ပါ။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now