အတိတ်ကအမှတ်တရတွေ......

2.7K 163 19
                                    

အဲ့နေ့က မိုးရွာခြင်းကနေ သူ့အတွက် ကံမကောင်းခြင်းတွေစခဲ့တာပဲ.......

ထီးမပါတဲ့နေ့ကျမှ အငြှိုးကြီးစွာ သည်းမဲရွာနေတဲ့ မိုးကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်ရင်း ကားမှတ်တိုင်နဲ့ အနီးဆုံး အအေးဆိုင်ထဲ ပြေးဝင်လိုက်ရသည်။

"ဒီမိုးနဲ့ ငါနဲ့တော့ကွာ...."

ရေရွတ်ငြီးတွားရင်း ဆိုင်လေးကို လှည့်ပါတ်ကြည့်ရှုမိတော့ အစိမ်းနုရောင်လွင်လွင်လေး သုတ်ထားတဲ့ နံရံပေါ်မှာ အရုပ်ပိစိလေးတွေ...ပန်းချီကားလေးတွေ...ဆွဲဆောင်မှုအရှိဆုံးက ပုံစံအမျိုးမျိုးနဲ့ ပြုံးရယ်နေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေ...အသက်ဝင်လွန်းလို့ ငေးကြည့်နေခဲ့မိသည်။ဘယ်လောက်တောင် အသက်ဝင်သလဲဆိုရင် သူတောင် လိုက်ပြုံးမိသည့်အထိပါပဲ.....။

"ဘာသုံးဆောင်မလဲ ခင်ဗျာ...."

နားစည်ကို ဖြတ်သန်းသွားတဲ့ အသံချိုချိုလေးက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ရင်းနှီးခဲ့တဲ့ အသံတစ်ခုနဲ့ ဆင်တူလွန်းလှသည်။လှည့်အကြည့်မှာ ပြုံးပြနေတဲ့ လူသားကြောင့် လူငယ်လေးတစ်ယောက်လို ပရမ်းပတာပြန်ခုန်လာသည့်ရင်ဘတ်ကို ဖိရင်း ကြောင်အနေမိသည်။မတွေ့ရတာ ခုနှစ်နှစ်လောက်ရှိပြီဖြစ်သည့် ရှောင်ကျန့်က ခုသူ့ရှေ့မှာ မတ်တပ်ရပ်နေသည် မဟုတ်လား....

ငြိမ်သက်နေတဲ့ သူတို့နှစ်ယောက်ရဲ့ လေထုကို စတင်ဖြိုခွဲဖို့ အင်အားမရှိတဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရချိန် ရှက်ရွံ့သိမ်ငယ် အားနာမှုတွေကြောင့် သူကိုယ်တိုင် လည်ချောင်းဝမှာတင် စကားတွေ ပျောက်ရှကုန်သည်။အပြင်မှာ သည်းသည်းမဲမဲရွာနေတဲ့ မိုးရယ်...မတ်တပ်ရပ်ရင်း ကြောင်အနေကြတဲ့ နှစ်ယောက်ရယ်....ဒီမိုးဟာ ကံဆိုးခြင်းတွေပဲခေါ်ဆောင်လာတတ်တာလား.....။

"ပါးပါး...."

ရုတ်တရက် ရှောင်ကျန့်ခါးကို လာပြေးဖက်တဲ့ ကလေးမလေးရဲ့ အသံကြောင့် လှုပ်ရှားမှုတွေပြန်လည်တွေ့လာရတဲ့ ရှောင်ကျန်ရဲ့အပြုံးတွေဟာ ဟိုးအရင်ကလို သိမ်မွေ့ခမ်းနားဆဲပဲ...။

"ဦးဦး...ထိုင်ပါ...ဘာသုံးဆောင်မလဲ"

ကလေးမလေးရဲ့ အသံက သူ့ကို ဓာတ်လိုက်သွားသလို ကျင်တက်လာစေသည်။တစိမ့်စိမ့်ကြည့်ရင်း ပိုတူလာတဲ့ ကလေးမလေးဟာ ရှောင်ကျန့်ရဲ့ သွေးသားဆိုတာ ငြင်းစရာမလိုဘူးဖြစ်သည်။ခက်တာက နှုတ်ခေါင်းလုံးလုံးလေးနဲ့ ဘယ်နေရာက သူနဲ့ တူနေမှန်းမသိ ခံစားနေမိတဲ့ စိတ်ကြောင့်ခြေဖျားလက်ဖျားတွေ အေးစက်လာမိသည်။မဟုတ်မှ....

Omoide(思い出)Where stories live. Discover now