"ကျန့် ကိုယ်တို့သေချာစကားပြောဖို့လိုတယ်...."
"..........."
"မာနတွေနည်းနည်းလောက်လျှော့ပေးပါလား ကျန့်ရယ်....."
သူနဲ့ပါတ်သတ်ရင်တည်ငြိမ်လှပါပြီလို့ ထင်ခဲ့မိပေမယ့် လက်တွေ့မှ ထင်တဲ့အတိုင်းဖြစ်မလာခဲ့ဘူး။ကိုယ်ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ လက်ဖြူဖြူလေးကို တိတ်တဆိတ်ငေးကြည့်ရင်း ကြေကွဲလာမိပြန်သည်။
"ကျန့် အရင်ဆုံး ကိုယ်တောင်းပန်ပါရစေ...ကိုယ်တစ်ကိုယ်ကောင်းအရမ်းဆန်ခဲ့တယ်....ကိုယ်...ကျန့်ဘက်ကို ငဲ့မကြည့်ခဲ့မိဘူး"
နောက်ဆုံးအချိန်ထိ သူ့ကို အပြုံးနဲ့နှုတ်ဆက်နေခဲ့တာမို့ ရှောင်ကျန့်အဆင်ပြေနေမှာပါဟုသာ သူပေါ့ပေါ့တွေးခဲ့မိသည်။သူမမြင်နိုင်ခဲ့တဲ့ တစ်ဖက်ခြမ်းမှာ ကျန့်ဘယ်လိုများ ကလေးတစ်ယောက်နဲ့ ရှင်သန်နေထိုင်ခဲ့တာပါလိမ့်....ဘယ်လောက်တောင် ခက်ခဲလိမ့်မလဲ......
"ဇနီးနဲ့ရော အဆင်ပြေရဲ့လား...."
"သူ့ကို ကိုယ်ပိုင်ပါတယ်...."
"အင်း....သိပါတယ်။မင်းကို အနွံတာခံမယ့် မိန်းမမျိုး မင်းရွေးထားခဲ့တယ် ဆိုတာ...."
"ကျန့်ရယ်....."
"........."
"ကိုယ်ဘာလုပ်ပေးရမလဲ......ကျန့်"
"မင်းကို မခွဲနိုင်တဲ့ စိတ်နဲ့ ငါရူးများသွားမလားလို့ ထင်ခဲ့မိပေမယ့် သမီးလေးက ငါ့ကို ကယ်တင်ခဲ့တယ်....ခုနေ.... တကယ်ပဲ မင်းဆိုတာ ငါ့အတွက် မလိုအပ်တော့ပါဘူး.....မင်းဘာမှ လုပ်ပေးစရာမလိုပါဘူး....စိတ်သန့်သန့်နဲ့သာ ပြန်....."
"သမီးလေးကို....ကိုယ်....."
"မဟုတ်ဘူး....အဲ့ပေါ်မှာ တာဝန်ယူချင်စိတ်တွေ ဘာတွေထားမနေနဲ့.....မလိုအပ်ဘူး....ငါလည်း ယောကျာ်းပါ...သမီးတစ်ယောက်ကို လိုလေသေးမရှိ ရှာဖွေကျွေးမွေးနိုင်ပါတယ်....."
ထိခိုက်နာကျင်နေတဲ့ မျက်နှာကို မော့ငေးရင်း လိုအပ်တာတွေကိုသာ တစ်ခွန်းချင်းပြောမိသည်။သူတို့ဟာ မသက်ဆိုင်တော့ပြီမို့ ဘာမှ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်မနေချင်တော့ပါဘူး။ဗိုလ်နေမြဲ ကျားနေမြဲသာ ကောင်းပါသည်။