ဝေဝါးခြင်းများ.....

1.3K 139 35
                                    

"..........."

လက်ထဲက ခုံသုတ်နေတဲ့ လက်သုတ်ပုဝါလေးဖုတ်ခနဲပြုတ်ကျသွားရတဲ့ အကြောင်းရင်းက မလာစေချင်သည့် ဧည့်သည်က ဆိုင်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသောကြောင့်ပင်။ဖြူဖွေးနုဖတ်နေတဲ့ အသားအရေနဲ့ လိုက်ဖက်လှစွာ ယောကျာ်းဆန်ဆန်ချောမောနေတဲ့ ထိုအမျိုးသားဟာ တစ်ခါက သူ့ရဲ့ချစ်လှစွာသော.........

"ရှောင်ကျန့်...ကိုယ်တို့ ခဏလောက်စကားပြောကြရအောင်......"

"မင်းကိုငါ.....ဟိုနေ့ကတည်းက ရှင်းအောင်ပြောလိုက်တယ်ထင်တယ်...."

"ကိုယ်နဲ့ခဏလောက် စကားပြောပါ....."

ဘာတွေ...အဲ့လောက်တောင် ပြောချင်နေရတာလဲကွယ်....ထိုင်ခုံမှာထိုင်ချလိုက်ရင်း ဆိုင်ပြင်ကိုသာ ငေးကြည့်နေမိသည်။မိုးဖွဲလေးတွေကျနေတာလား.....။မျက်ဝန်းညိုတွေကို စေ့စေ့ကြည့်ဖို့ အားယူနေရတုန်းမို့....မင်းပြန်တဲ့အခါအဲ့လွှမ်းမိုးမှုတွေကိုပါ တစ်ခါတည်းယူသွားပါလား....ရိပေါ်....

"ကိုယ့်သမီးလေးလား....."

ရုတ်တရက် တဖျတ်ဖျတ်လက်သွားတဲ့ မျက်ဝန်းတွေထဲမှာ မာနတွေဖြတ်ပြေးသွားကြသလိုပဲ....။ရှောင်ကျန့်ကျေနပ်အောင် သူ ဘယ်လိုလုပ်ပေးရပါ့မလဲ......

"ငါ့သမီးလေးပါ....မင်းစကားပြောဆင်ခြင်သင့်တယ်....ရိပေါ်....."

ကြားသွားမှာစိုးလို့ထင်သည်။ဆိုင်နောက်ဘက်ကို မလုံမလဲကြည့်တဲ့ မျက်ဝန်းတွေမှာ စိတ်မချမှုတွေအထင်းသား....ထောင်ထားချိတ်ထားကြတဲ့ ဓာတ်ပုံစတန်းလေးတွေထဲက ကလေးမလေးဟာ သူ့ရဲ့သမီးလေးဆိုတဲ့ အသိက ရင်ဘတ်ကို နွေးထွေးစေသည်။သူမတရားမှန်းလည်း သိပါသည်။

"ကိုယ့်ကို ဘာလို့မပြောခဲ့တာလဲ....."

ကလေးလေးတစ်ယောက်...သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာ ရှိနေပြီလို့ သူအတိအလင်းသိရတဲ့နေ့မှာပဲ ရိပေါ်လက်ထပ်သွားခဲ့ကြောင်းသိခဲ့ရသည်။လက်နှစ်ဖက်ကို တင်းတင်းဆုပ်ရင်း ဘယ်လိုလုပ်ရပါ့မလဲဆိုတဲ့ အတွေးက သူ့ကို မွန်းကြပ်စေခဲ့သည်။မျက်ရည်တွေအများကြီး....သိက္ခာတွေအများကြီးနဲ့ ရင်းနှီးခဲ့တဲ့ သူ့သမီးကလေးကို ခုမှ ရိပေါ်က ကိုယ့်သမီးလေးလားဆိုတော့......တော်ရုံတစ်ကိုယ်ကောင်းဆန်စမ်းပါကွာ.....

Omoide(思い出)Where stories live. Discover now