2

2.3K 194 25
                                    

"ကျွန်တော် သန်မာတဲ့ လူသားတစ်ယောက်အဖြစ်နဲ့
ပြန်ရောက်လာပါပြီ Omma"

Jung Kook အဖြူရောင် ပန်းစည်းလေးကို သစ်ပင်ကြီးပေါ် ချပေးလိုက်ပြီး ပြုံးလိုက်သည်။နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံးကို ထပ်ကာထပ်ကာ ကုန်လွန်ပြီးနောက် အချိန်အားဖြင့် လေးနှစ်တောင်ကြာခဲ့ပြီ။

သူအရင်ကလို ပျော့ညံ့လွန်းလို့ ထွက်ပြေးခဲ့ရတဲ့ ကောင်လေး မဟုတ်တော့ဘူး Koreaရဲ့ စီးပွားရေးတစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တဲ့
YK Campany CEOဖြစ်နေပြီ။

"သားတော်တယ်မလား Omma"

Yoongiဆီကနေ ထွက်လာပြီးသည်နှင့်
Jung Kook နိုင်ငံသားလက်မှတ်လုပ်ကာ
UKကို ထွက်သွားခဲ့ပြီး စီးပွားရေးကို ကြိုးစားပြီး သင်ယူခဲ့သည်။ Lee Jung Kookကနေ
Jeon Jung Kook ပြောင်းလိုက်တော့ အဖေဖြစ်သူရဲ့ နောက်မိန်းမ တစ်နည်းအားဖြင့် သူရဲ့မိထွေးက သူ့ကိုရှာဖို့ လမ်းစပျောက်ခဲ့သည်။

သူအဲ့နေရာမှာ စားဝတ်နေရေးအတွက် ပူစရာမလိုခဲ့...ဘာဖြစ်လို့လဲဆိုတော့ မိထွေးဖြစ်သူက အဖေဖြစ်သူနားက ပျောက်ကွယ်သွားပေးဖို့ သူတို့သားအမိကို ပိုက်ဆံတွေနဲ့ လာညှိနှိုင်းခဲ့တာရှိသည်။
နောက်ပြီး အမေဖြစ်သူက အလုပ်ကြိုးစားကာ ရှာဖွေထားတာလည်း ရှိသေးသည်။

Jung Kookက အမေဖြစ်သူရဲ့ ပိုက်ဆံကို Campany ထောင်ဖို့အတွက် သေချာသိမ်းထားပြီး မိထွေးဖြစ်သူရဲ့ ပိုက်ဆံကိုတော့ သူရေလိုဖြုန်းတီးခဲ့သည်။ ကုန်သွားရင်တောင် သူ့အတွက် ပူစရာမလို မိထွေးဖြစ်သူကို လှမ်းခြိမ်းခြောက်ပြီး တောင်းခဲ့သည်။ သူ့အပြစ်သူသိတဲ့ မိထွေးဖြစ်သူကလည်း အဖေဖြစ်သူကို မပြောပြဖို့အတွက် သူတောင်းသလောက်ကို ပေးပြီး ပါးစပ်ပိတ်ထားသည်။

ဒါပေမယ့် Jung Kookက အရင်ကလောက် လိမ္မာတဲ့ ကောင်လေးမှ မဟုတ်တော့တာ။
သူနဲ့ သူ့မိထွေးပြောထားတဲ့ ဖုန်းကောတွေအကုန် အသံဖမ်းထားသည်။ သူ Campany ထောင်ပြီး အောင်မြင်လာတာနဲ့အမျှ Korea စီးပွားရေးကို ချုပ်ကိုင်နိုင်ခဲ့သည်။ ဒါပေမယ့် သူကအခုထိ လူလုံးမထွက်ပြသေး သူအကုန်လုံးကို
Surprise အကြီးကြီးပေးစရာရှိသည်လေ။

~ဦးနှင့်အစပြု၍~ ||ⓎⓄⓄⓃⓀⓄⓄⓀ||Where stories live. Discover now