3

1.8K 156 33
                                    

"ဦး နေမကောင်းဘူးလား"

သူ့ဘေးမှာ ဝင်ထိုင်ရင်းနဲ့ နဖူးကို လက်လေးနဲ့ အသာစမ်းလာတဲ့ ကောင်လေးကြောင့် Yoongi ခေါင်းခါပြလိုက်သည်။

"ဦးကကွာ လိမ်ပြန်ပြီ"

"ကိုယ်က ဆရာဝန်ပါ အရမ်းကြီးစိတ်မပူဘဲ အလုပ်ကိုဖြောင့်ဖြောင့်သွား အရှုပ်ထုပ်လေး"

အရှုပ်ထုပ်လေးဆိုတဲ့ အခေါ်အဝေါ်ကြောင့်
Jung Kookမှာ တင်းခံထားရတဲ့ စိတ်တွေက ပျော့ချင်သွားသည်။

"ဒါမှမဟုတ် Campanyကို လိုက်ခဲ့ပါလား ကျွန်တော် စိတ်မချဘူး ဦး"

သူ့ဘေးမှာ ဝင်လှဲပြီး ရင်ခွင်ထဲ တိုးဝင်ကာ ချွဲနေတဲ့ ကောင်လေးကြောင့် Yoongi ပြုံးလိုက်သည်။

"ကိုယ်က ကိုယ်ပူရုံပါ စိတ်မပူပါနဲ့"

"လိုက်ခဲ့ပါနော် ဦး ကျွန်တော် တစ်ကယ်စိတ်မချလို့ပါ"

"ကိုယ့်စကားနားထောင်နော် ကလေးလေး"

Yoongi Jung Kookရဲ့ ဆံပင်လေးကို နမ်းပြီး ပြောလိုက်တော့ အစကတည်းက ပျော့ချင်နေတဲ့ Jung Kook စိတ်တွေမှာ ပျော့သွားရသည်။
Jung Kook ရင်ခွင်ကနေ ထွက်လိုက်ပြီး
Yoongi ပါးလေးကို နမ်းလိုက်သည်။

"ကောင်းပြီ ဒါဆို အိမ်ထဲမှာပဲနေနော် လေစိမ်းတွေလည်း အတိုက်မခံနဲ့နော် ဦး"

"ကောင်းပါပြီကွာ အလုပ်မှာ အဆင်ပြေပါစေ ကိုယ့်ကလေးလေး"

Yoongi ပြောပြီးတာနဲ့ Jung Kook
နှုတ်ခမ်းကို နမ်းလိုက်တာကြောင့် Jung Kook တစ်ယောက် မျက်နှာမှာ အပြုံးတွေ ဖြစ်တည်လာရသည်။

"ဒါဆို ကျွန်တော် သွားပြီနော် ချစ်တယ် ဦး"

"ကိုယ်လည်း ချစ်တယ်"

မနက်ခင်းတိုင်း အလုပ်မသွားခင် ချစ်တယ်ဆိုပြီး ပြောဖို့ Jung Kookက တောင်းဆိုခဲ့တာကြောင့် Yoongi လိုက်လျောခဲ့တာပင်။

Jung Kook ထွက်သွားပြီး ခဏကြာတော့ Yoongi ထထိုင်လိုက်သည်။ သူ့ကိုယ်သူလည်း အားမရဘူးဖြစ်နေသည်။ ဒီနေ့ သူတို့ရဲ့ သုံးလပြည့်ပင် တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကျမှ လာဖျားရတယ်လို့။ အစက Yoongi စဉ်းစားထားတာ သူဒီနေ့ အလုပ်ကနေ ခွင့်ယူပြီး Jung Kook Campany လိုက်သွားပြီး ညနေဘက်ကျရင် လျှောက်လည်မယ်ပေါ့။

~ဦးနှင့်အစပြု၍~ ||ⓎⓄⓄⓃⓀⓄⓄⓀ||Where stories live. Discover now