4

1.3K 124 19
                                    

"Jung Kook ထတော့လေ"

Yoongiမှာ မနက်တိုင်း ဒီအရှုပ်ထုပ်လေးကို နှိုးရတာက အလုပ်တစ်ခု။ ပြီးသည်နှင့် မနက်စာပြင်ပေး၊ အဝတ်စားထုတ်ပေး၊ ထိုကောင်လေးရဲ့ ချွဲသမျှကို ခံရသေးတာ။
သူ့မှာ အိမ်ရှင်မကြီးကျလို့ အဲ့တာနဲ့ မပြီးသေးဘူး။ နေ့လည်ကျရင် Campanyကို နေ့လည်စာ သွားပို့ပေးပြီး ညနေကျရင် အိမ်ကို တူတူပြန်လာရသေးသည်။

သူက နေ့ချင်းညချင်း ထိုကောင်လေးရဲ့ ဂျစ်တိုက်မှုကြောင့် ထိုကောင်လေးကိုပဲ ကုပေးရမယ့် ထိုကောင်လေးရဲ့ မူပိုင်ဆရာဝန်ဖြစ်သွားရသလို ဆရာဝန်အလုပ်ကလည်း ထွက်လိုက်ရသည်။

"အရှုပ်ထုပ်လေးရေ ထတော့လို့"

"ဦးကလည်း ခဏလောက် ပေးအိပ်ပါအုံး ကျွန်တော် ညက ညဥ့်နက်တဲ့အထိ အလုပ်လုပ်ထားရတာ"

"ကိုယ့်ကလေးလေးက လိမ္မာပါတယ်
ထတော့နော် ဒီနေ့ အရှုပ်ထုပ်လေး ကြိုက်တာတွေ ကိုယ် ချက်ပေးထားတယ်လေ"

"အွန်း ကျွန်တော်ထပြီ ဦး"

စကားနဲ့ အလုပ်မညီတဲ့ Jung Kookတစ်ယောက် ဘေးနားမှာ လာနှိုးနေတဲ့ Yoongiရဲ့ ပေါင်ပေါ်ကို ခေါင်းအုံးပြီး သူ့မျက်နှာနဲ့ Yoongiရဲ့ ဗိုက်ကို လိုက်ပွတ်နေသည်။

"ဟက် ကလေးဆိုးလေးကွာ"

Yoongiလို စိတ်မရှည်တဲ့လူက Jung Kookလို ချွဲပြီးအရစ်သန်လွန်းတဲ့ ကောင်လေးနဲ့ လုံးဝမလိုက်ဖက်နေ။ သို့သော် တစ်လောကလုံးကို စိတ်မရှည်ဘဲ ချေနေတဲ့ Min Yoongiဆိုတဲ့ လူသားက Jeon Jung Kookဆိုတဲ့ သူ့ကောင်လေးကိုတော့ ဘယ်တော့မှ စိတ်ဆိုးခြင်းမဆိုနဲ့ ဆူပူခြင်းတောင်မရှိခဲ့...။

"ကျွန်တော်က ဦးကို အရမ်းချစ်တာ"

"ကိုယ်လည်း အရမ်းချစ်ပါတယ်ကွာ"

ချစ်တယ်ဆိုတဲ့ စကားက နေ့တိုင်း ကြားနေရပေမယ့် သူတို့နှစ်ယောက်အတွက် ဘယ်တော့မှ ရိုးအီသွားခြင်းမရှိ...ကြားရတိုင်း ရင်ခုန်နေရမြဲ။

Jung Kook ကုန်းရုန်းထကာ Yoongi နဖူးကိုနမ်းပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ကျန်ခဲ့တဲ့ Yoongiမှာတော့ ပြုံးပြီး ထိုကောင်လေးအတွက် အဝတ်အစား ထုတ်ပေးလိုက်သည်။

~ဦးနှင့်အစပြု၍~ ||ⓎⓄⓄⓃⓀⓄⓄⓀ||Where stories live. Discover now