Ep 15

4.8K 401 44
                                    

( Zawgyi )

Company ကအပြန် Lisa ကတစ်နေရာ
ဝင်ရအောင်ဆိုသဖြင့် လိုက်လာခဲ့သည်။

" အခုဘယ်ကိုသွားနေတာလဲ Lisa "

"ရောက်တော့ သိမှာပေါ့ Jen ရယ်"

"မပြောလဲမပြောပြဘူး လူကိုသိချင်အောင်
အရမ်းလုပ်တာပဲနော်"

"ရောက်တော့မယ် ခဏပဲလေးသည်းခံလိုက်နော်"

နာမည်ကြီး စားသောက်ဆိုင် ရောက်တော့
Lisa ကားရပ်လိုက်သည်။

"ဆင်းရအောင်လေ Jen "

"ဒီဆိုင်ကိုလာတဲ့ဟာ ထူးထူးဆန်းဆန်းလုပ်လို့
အရင်ကလဲ လာနေကြပဲကို"

"လာပါ အထဲအရင်ဝင်ရအောင်"

Lisa နဲ့အတူဆိုင်ထဲကို အရင်ဝင်လာလိုက်တော့
Waiter က လာကြိုကာ V.I.P အခန်းကို
လမ်းညွှန်ပြတော့ သူတို့ ၂ယောက်ဝင်ခဲ့ကြသည်။

အခန်းထဲရောက်တော့ မြင်လိုက်ရတာက
နှင်းဆီပန်းများ ရောင်စုံမီးလေးများနဲ့အလှဆင်ပြီး
စားပွဲပေါ်မှာတော့ ဝိုင်ခွက်လေး ၂ခွက်
အလှပန်းစီးလေးနဲ့အတူ ချောကလက်လေးတွေ.....

အခန်းတွင်းမှာလဲ Stay With Me ဆိုတဲ့သီချင်း
လေးကိုလဲ ခပ်တိုးတိုးလေးဖွင့်လို့ထားသည်။

"ထိုင်ရအောင်လေ Jen"

ခုံလေးဆွဲထုတ်ပေးကာ Lisa ကပြောတော့
အရင်ဆုံး ဝင်ထိုင်လိုက်သည်။

"သဘောကျရဲ့လား Jen"

"အင်း ဘယ်လိုဖြစ်ပြီးစီစဉ်ထားတာလဲ"

"မနက်ဖြန် Valentine day မလား တမင်ကြိုစီစဉ်လိုက်တာ"

"လူကို အံ့ဩအောင်အရမ်းလုပ်တာပဲ"

"တစ်ခါထဲ အံ့ဩလက်စနဲ့....."

သူ့ဘေးနားမှာ ရပ်နေသေးတဲ့ Lisa က
အင်္ကျီအိတ်ကပ်ထဲကနေ ဘူးလေးတစ်ဗူး
ထုတ်ကာ Jen ကို ပေးကြည့်စေလိုက်တယ်။

ဖွင့်ကာကြည့်လိုက်တော့ လက်စွပ်လေး ၂ ကွင်း

"ကြိုက်ရဲ့လား ကိုယ့်ရဲ့လက်ဆောင်ကို"

"အင်း အရမ်းကြိုက်တယ်"

"အခုချိန်ကစပြီး ကိုယ်တို့တွေ ဆင်တူလက်စွပ်လေး
အတူတူ ဝတ်ထားကြမယ်နော်"

PaybackWhere stories live. Discover now