Ep 19

6K 443 59
                                    

အခုဆို Lisa ကသူ့ကို အရူးအမူးစွဲလန်း
ချစ်လို့နေပြီ Oppa အတွက်လက်စားချေခြင်းက
အောင်မြင်တယ်လို့ ပြောရမလား

ဒီထက်အချိန်တွေ မလွန်ခင် အဖြစ်မှန်တွေကို
ထုတ်ပြောကာ လက်စားချေခြင်းကို အဆုံးသတ်ဖို့
အချိန် ကျရောက်လာပြီ......။

လွန်ခဲ့သော အဖြစ်တွေကိုပြန်စဉ်းစားမိရင်
Lisa ဆိုတဲ့ထိုသူကို ဘယ်လိုမုန်းမှန်းမသိခဲ့တာ

သူသာ အဲ့နေ့က အချိန်မှီဖုန်းဆက်ပေးခဲ့ရင်
Oppa ရဲ့အသက်ကို ကယ်တင်လိုက်နိုင်မှာကို

ကျမက အငြိုးကြီးတယ် အဲ့နေ့က အခြေအနေတွေ
ကိုသေချာစုံစမ်းပြီး သူ့အနားကိုတမင်ကပ်ကာ
လက်စားချေဖို့ စီစဉ်ခဲ့ရတာမလား.....။

နင့်ဘဝကြီး အဆုံးသတ်တော့မှာပါ Lisa ရယ်.....။

"Lisa ကျမနဲ့တစ်နေရာကို သွားရအောင်
Lisa ကိုကျမ လာခေါ်မယ် "

"အင်း သွားလေ ကိုယ် စောင့်နေမယ် "

Lisa အိမ်ကို ကိုယ်တိုင်သွားခေါ်ကာ
တစ်နေရာကို ထွက်လာခဲ့သည်။

ဦးတည်ရာနေရာသို့ရောက်တော့ ကားကိုရပ်ကာ

"ဆင်းလေ Lisa "

"Jen ဒါအရိုးပြာအိုး ထားတဲ့နေရာမလား
ဒီနေရာကို ဘာလို့လဲ"

"အထဲဝင်ရအောင် ကျမနောက်လိုက်ခဲ့လေ"

Jen စိတ်တိုင်းကျ သူ့အနောက်ကို လိုက်လာခဲ့တော့
အရိုးပြာအိုးထားတဲ့ မှန်ဘောင်ရှေ့တွင် Jen က
ရပ်လိုက်ကာ

"နှုတ်ဆက်လိုက်ပါ သူက နင်ရဲ့တာဝန်မဲ့ပေါ့ဆမှု
တစ်ခုကြောင့် သေဆုံးခဲ့ရတဲ့ ငါ့အမျိုးသားပဲ"

"Jen "

"ငါ နင့်ကို မချစ်ခဲ့ဘူး Lisa သူ့အတွက်
လက်စားချေချင်လို့သာ နင့်အနားကိုရောက်လာခဲ့တာ နင်လဲ အဖြစ်မှန်တွေကို သိထားပြီးပြီမလား"

"Jen ကိုယ်တို့ အပြင်မှာ စကားသွားပြောရအောင်"

အပြင်ဘက်ကို သူအရင်ထွက်လာခဲ့လိုက်သည်
လူရှင်းတဲ့ နေရာရောက်သည်နှင့်......

"လမ်းခွဲရအောင် ငါ နင့်အပေါ်လက်စားချေတာ
ဒီလောက်နဲ့ပဲ အဆုံးသတ်ပေးလိုက်မယ်
ဒါပေမယ့် တစ်ခုတော့ မှတ်ထားပါ
နင့်က ငါအမုန်းဆုံးလူတစ်ယောက်ဆိုတာ"

PaybackTahanan ng mga kuwento. Tumuklas ngayon